ခေါင်းလျှော်တဲ့အခါ ဘယ်လိုနည်းလမ်းတွေကို အသုံးပြုပြီး လျှော်လေ့ရှိပါသလဲ။ ပုံမှန်အတိုင်း ‌Shampooနဲ့လျှော်ပြီး ပေါင်းဆေးသုံးတဲ့နည်းမဟုတ်ပဲ့နဲ့ အခုလက်ရှိမှာ ခေတ်စားနေပြီး သင်ကိုယ်တိုင် လိုက်လုပ်လို့ရသလို သင့်ရဲ့ ဦးရေပြားနဲ့ ဆံကေသာကို ပိုပြီးသန့်ရှင်းစေမယ့် ခေါင်းလျှော်နည်းလေးကို မျှဝေပေးချင်ပါတယ်။

လူတိုင်း ခေါင်းအရင်စိုအောင်လုပ် ခေါင်းလျှော်ရည်နဲ့ လျှော်ပြီးမှ ပေါင်းဆေးသုံးကြလေ့ရှိပေမယ့် ဒီတခါတော့ ပြောင်းပြန်နည်းနဲ့ လျှော်ကြည့်ရအောင်။

အရင်ဆုံး ဆံပင်ကို ရေစိုအောင်လုပ်ပြီး ပေါင်းဆေးနဲ့ အရင်လျှော်ပေးပါ။ ဦးရေပြားကိုရော ဆံပင်အရင်းကနေ အဖျားထိပါ လျှော်ပေးနိုင်ပါတယ်။ အဲဒီနောက် ၅ မိနစ်လောက်ထားပါ။

ပြီးရင် ရေပြန်ဆေးချပြီး ခေါင်းလျှော်ရည်နဲ့ ထပ်ပြီးလျှော်ချပေးလိုက်ပါ။

အခုလို လျှော်ပေးခြင်းဖြင့် ပေါင်းဆေးသိပ်မပြောင်လို့ ဆံပင်စီးတာ၊ ဦးရေပြား အဆီပြန်တာမျိုး မဖြစ်စေတော့ပါဘူး။ ဒါ့အပြင် ဆံပင်အလွယ်တကူ ဖုန်၊ အညစ်အကြေး ပေတတ်ရာကနေလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

ဦးရေပြားနဲ့ ဆံကေသာကိုလည်း ပိုပြီး သန့်ရှင်းစေနိုင်ပြီး ခေါင်းနေ့တိုင်း လျှော်ရတဲ့ ဒုက္ခကနေလည်း ကင်းဝေးသွားမှာဖြစ်ပါတယ်။