သင်အကြိုက်ဆုံး စူပါမော်ဒယ်တွေ ဘယ်လိုအလှပဆိုင်ရာ နည်းလမ်းတွေကို အသုံးပြုသလဲဆိုတာ အားလုံးစိတ်ဝင်စားကြမယ်ထင်ပါတယ်။ သူတို့တွေအသုံးပြုတဲ့နည်းလမ်းတွေထဲက နည်းလမ်းတချို့ကို မျှဝေပေးလိုက်ပါတယ်နော်။

Gigi Hadid

သူမက ဝက်ခြံပေါက်ရင် ညဖက်မှာ သွားတိုက်ဆေးအုံပြီး အိပ်ပေးတတ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ညီညွတ်အောင်စားပြီး Fit ဖြစ်အောင်နေပါလို့ သူကအကြံပြုပါတယ်။

Joan Smalls

သူမကတော့ ဆံကေသာအတွက် ကြက်ဥအနှစ် ၂ လုံး ၊ သံလွင်ဆီနဲ့ ထောပတ်သီးမှည့် တစ်လုံးရောပြီး ပေါင်းတင်လေ့ရှိတယ်လို့ဆိုပါတယ်။

Adriana Lima

သူကတော့ တခြားအမျိုးသမီးတွေလိုပဲ အသားအရေဆိုင်ရာ ပြဿနာတွေရှိသူပါ။ အဆီပြန်တတ်ပြီး ဝက်ခြံလည်းထွက်တတ်ပါတယ်။ အဲဒီလို ဝက်ခြံထွက်လာရင် တစ်နေ့ကို ၂ ကြိမ်လောက် လက်ဖက်ဆီနဲ့ မျက်နှာကို လိမ်းပေးတတ်တယ်လို့ ပြောပါတယ်။

Karolina Kurkova

သူမက မိတ်ကပ်ကို အုန်းဆီနဲ့ ဖျက်ပေးလေ့ရှိပါတယ်တဲ့။ အုန်းဆီက မိတ်ကပ်ကိုလည်း အလွယ်တကူ ဖယ်ရှားပေးနိုင်ပြီး ရေစိုခံတဲ့ မိတ်ကပ်တွေ ဖျက်ရာမှာလည်း လွယ်ကူပါတယ်။

သူမက အဆီပြန်တတ်တဲ့အသားအရေမို့ သံပယိုရည်ကို ရေသန့်ထဲ ညှစ်ထည့်ပြီး မျက်နှာသစ်ပေးလေ့ရှိပါတယ်လို့ သူ့ပရိသတ်တွေကိုမျှဝေဖူးပါတယ်။