“Work form home” လုပ်ရတာက ညအိပ်ဝတ်စုံနဲ့တောင် အလုပ်လုပ်လို့ရတာမလို့ ပုံမှန်ထက် ပေါ့ပါးလွတ်လပ်တာ မှန်ပေမယ့် ကွန်ပျူတာကို အချိန်ပိုသုံးရတာမလို့ ကြာလာရင် Screen Exposure က အရေပြားကို ထိခိုက်စေပြီး ပျက်စီးစေနိုင်ပါတယ်။

ဒါကြောင့် အိမ်ကနေအလုပ်လုပ်ရပြီး တောက်ပတဲ့ အသားအရေလိုချင်တဲ့ မိန်းကလေးတိုင်း ဒီ အချက်တွေကို လိုက်နာသင့်ပါတယ်။

Sunscreen လိမ်းပါ

ကွန်ပြူတာကမှ ထုတ်တဲ့အပြာရောင်အလင်းက အရေပြားရဲ့ကော်လာဂျင်ကို ပျက်စီးစေပြီး အားနည်းစေတာမလို့ အပြင်သွားမှမဟုတ်ဘဲ အိမ်မှာနေလည်း Sunscreen ကို မဖြစ်မနေလိမ်းပေးပါ။

15 မိနစ်ကြာတိုင်း ထပေးပါ

အချိန်အကြာကြီးထိုင်တာက အာဟာရဓာတ်နဲ့ အောက်ဆီဂျင်ထောက်ပံ့မှုကို လျှော့ချပေးတာကြောင့် အလုပ်လုပ်လို့ 15 မိနစ်ကြာတိုင်း ထပြီး ဖုန်းပြောတာဖြစ်ဖြစ် ၊ ရေသောက်တာဖြစ်ဖြစ် လုပ်ပေးပါ။

Anti-Ageing Products

Laptop နဲ့ ကွန်ပြူတာရဲ့ ဓါတ်ရောင်ခြည်တို့ကို အမြဲထိတွေ့နေတာက Fine lines နဲ့ wrinkles တွေကို မြန်မြန်ဖြစ်စေတာမလို့ အသက် 20 နဲ့ 30 ကြားလောက်မှကတည်းက Anti-Ageing Products တွေကို သုံးသင့်ပါတယ်။ ဗီတာမင် C နဲ့ retinol ကို အခြေခံထုတ်ထားတဲ့ ပစ္စည်းတွေက ကော်လာဂျင်ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး အသားအရေကို နုပျိုစေပါတယ်။

Overnight Sleeping Mask သုံးပါ

ညအိပ်တဲ့အချန်မှာ Overnight Sleeping Mask သုံးပြီး အိပ်တာက ညအိပ်နေချိန်မှာ အသားအရေကို အာဟာရဖြစ်စေပြီး နူးညံ့စေပါတယ်။

Facial Massage လုပ်ပေးပါ

ကွန်ပျူတာရှေ့မှာ အကြာကြီးထိုင်ရတာကြာလာရင် အသားအရေက ပင်ပန်းနွမ်းနယ်လာနိုင်ပါတယ်။ ဒါကြောင့် Gel ဒါမှမဟုတ် Cream ကိုအခြေခံထားတဲ့ Product တခုခုသုံးပြီး နှိပ်ပေးပါ။ နှိပ်တဲ့အခါ Roller-Massager ကို သုံးပြီးလည်း နှိပ်လို့ရပါတယ်။

မျက်လုံးကို သခွားသီးကပ်ပေးပါ

ကွန်ပျူတာအမြဲကြည့်နေရတဲ့မျက်လုံးက ကြာလာရင် ခြောက်သွေ့ပြီး ရောင်ရမ်းလာတတ်ပါတယ်။ ဒါကြောင့် မျက်လုံးယားတာကို သက်သာစေဖို့ လှီးထားတဲ့သခွားသီးအချပ်လေးတွေ ကပ်ပေးပါ။

ရေလုံလောက်အောင်သောက်ပါ

ရေက ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး မွဲခြောက်နေတဲ့ အသားအရေကို ကြည်လင်တောက်ပစေတာမလို့ တစ်နေ့ကို အနည်းဆုံး ရေ ၂ လီတာ လောက် သောက်ပေးပါ။

Moisturizer လိမ်းဖို့မမေ့ပါနဲ့

Sunscreen လိုပဲ Moisturizer ကလည်း အရေးကြီးပါတယ်။ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးပြီး နူးညံ့ပျော့ပျောင်းနေစေဖို့ နေ့ရောညပါ Moisturizer လိမ်းဖို့ မမေ့ပါနဲ့။

လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ယူပါ

လေ့ကျင့်ခန်းလုပ်ဖို့ အချိန်အများကြီး မပေးနိုင်ရင်တောင် တစ်နေ့ကို မိနစ် ၃၀ ကနေ ၁ နာရီလောက် အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ။