မိန်းကလေးတိုင်းက ကိုယ်ရှိနေတဲ့အလှထက်ပိုပြီးလှတဲ့ အလှမျိုးကိုလိုချင်ကြတာ သဘာဝပါပဲ။ ဆွဲဆောင်မှုရှိတဲ့မျက်ဝန်းမျိုးကို ပိုင်ဆိုင်ဖို့ဆိုရင်လည်း မျက်တောင်လေးတွေကရှည်ပြီး ကော့ညွတ်နေမှ ရမှာပေါ့။ မျက်တောင်လေးတွေရှည်အောင်လုပ်ရင်လည်း အချိန်တစ်ခုတော့စောင့်ရတာဆိုတော့ Mascara နဲ့ပဲ မျက်တောင်လေးတွေကို ကော့ညွတ်ပြီးလှပစေမယ့် နည်းလမ်းကောင်းလေးတွေကို ပြောပြပေးလိုက်မယ်နော်။

မျက်တောင်တိုတဲ့သူတွေက မျက်တောင်လေးတွေ ကော့ညွတ်နေဖို့တော့ လိုအပ်ပါတယ်။ မျက်တောင်လေးတွေကို Mascara နဲ့ မကော့ခင်မှာ မျက်တောင်ကောက်တံလေးနဲ့ အရင်ကော့ပေးမယ်ဆိုရင် ကော့ညွတ်နေတဲ့မျက်တောင်လေးတွေနဲ့ အတူလှပနိုင်မှာပဲဖြစ်ပါတယ်။

Mascara ကိုအသုံးပြုမယ်ဆိုရင်လည်း မျက်တောင်တွေကိုရှည်စေတဲ့ Mascara မျိုးကိုပဲ ရွေးချယ်အသုံးပြုသင့်ပါတယ်။ မျက်တောင်တွေကို ရှည်လျားစေတော့ မျက်ဝန်းဝိုင်းဝိုင်းလေးက ပိုပြီးတော့ချစ်စရာကောင်းသွားတာပေါ့။

Mascara ကိုအသုံးပြုတဲ့အခါမှာလည်း တစ်ထပ်ထဲမဆိုးဘဲ နှစ်ထပ်လောက်ဆိုးပေးမယ်ဆိုရင် မျက်တောင်ကိုထူထူလေးနဲ့ ရှည်တဲ့ပုံစံမျိုး ဖြစ်စေပါတယ်။ မျက်တောင်ကို တစ်ထပ်ဆိုးပြီးသွားတဲ့အချိန်မှာ အချိန်အနည်းငယ်လောက်ကြာပြီးမှ နောက်တစ်ထပ်ကို ဆိုးပေးလိုက်ပါနော်။ ဒါကတော့ မျက်တောင်တိုပြီးပါးတဲ့သူတွေအတွက် လုပ်ပေးသင့်တဲ့အချက်ပါနော်။

အသုံးမလိုတော့တဲ့ Mascara အဟောင်းတွေက Brush တွေကိုသေချာသန့်စင်ပြီး မျက်တောင်တွေကို Mascara နဲ့မလုပ်ခင်မှာ သေချာဖြီးပေးမယ်ဆိုရင် သပ်ရပ်တဲ့မျက်တောင်လေးတွေကို ရရှိမှာပဲဖြစ်ပါတယ်။ မျက်တောင်လေးတွေကို မဖြီးဘဲ Mascara ဆိုးတဲ့အခါမှာ မျက်တောင်တွေကိုကပ်သွားပြီး မသပ်မရပ်ဖြစ်နေစေတတ်ပါတယ်။

ဒီအချက်တွေကတော့ မျက်တောင်တိုတဲ့ပျိုမေတို့အတွက် မျက်တောင်လေးတွေကိုလှပနေစေဖို့ဆိုရင် ဒီအချက်တွေကို လိုက်လုပ်ပေးမှလှပပြီး ချစ်စရာကောင်းတဲ့မျက်ဝန်းလေးကို ပိုင်ဆိုင်ရမှာပေါ့။

Photo Source: Pinterest