အိမ်မှာနေရင်းအလုပ်ကလည်း Work From Hom ဖြစ်နေတယ်။ Meeting တွေကိုလည်း Online ကပဲတက်နေရတယ်။ Meeting တွေတက်တဲ့အခါမှာလည်း Zoom ကနေဆိုပေမယ့် လှနေဖို့တော့လိုတယ်နော်။ မပြင်မဆင်နဲ့ အလုပ်လုပ်ရတာကလည်း အလုပ်လုပ်ရတာ တက်ကြွမှုမရှိသလို အလုပ်လုပ်ချင်စိတ်ကိုလည်း လျော့နည်းစေပါတယ်။ ကဲ့ဒီလိုဆိုရင် Work From Home ကာလမှာလည်းလှနေဖို့အတွက် ဘယ်လိုပြင်ဆင်မလဲ။

မိတ်ကပ်လိမ်းပါ

အပြင်တွေမထွက်ရလည်း  မြန်ဆန်ပြီး၊ လွယ်ကူတဲ့မိတ်ကပ်လိမ်းနည်းတွေအများကြီးရှိပါတယ်။ ၅မိနစ်မိတ်ကပ်လေးတွေကလည်း ရုံးတက်ရုံးဆင်းလုပ်သလို အများကြီးပြင်စရာမလိုပါဘူးနော်။ မိတ်ကပ်ပါးပါးလေးလိမ်းထားတဲ့အတွက် Zoom Meeting တွေတက်တဲ့အခါမှာလည်း ကိုယ့်ကိုကိုယ်ယုံကြည်မှုလည်းရှိနေသလို အားလုံးကြားမှာလည်း လှနေစေမှာပါနော်။

သေသပ်တဲ့ စတိုင်ဝတ်ဆင်ပါ

Work From Home လုပ်တယ်ဆိုပြီး ဖျက်သလိုညအိပ်ဝတ်စုံကြီးတွေနဲ့လည်း အလုပ်မလုပ်ပါနဲ့။ စမတ်ကျကျဝတ်ဆင်ခြင်းကလည်း ရုံးမှာအလုပ်လုပ်နေတဲ့ ခံစားချက်လေးရစေမှာပါ။ အရမ်းကြီးပြင်ပြင်ဆင်ဆင်တဲ့ အဝတ်အစားမျိုးမဟုတ်လည်းအဆင်ပြေပါတယ်နော်။

အလုပ်လုပ်မဲ့နေရာသတ်မှတ်ပါ

အိပ်ရာထဲမှာပဲ ကိုယ့်ရဲ့ Work From Home အချိန်တွေမကုန်ဆုံးလိုက်ပါနဲ့နော်။ အလုပ်လုပ်တဲ့နေရာကိုလည်း သတ်မှတ်ထားဖို့လိုအပ်သလို အလုပ်လုပ်ချင်စိတ်ဖြစ်အောင်လည်း နေရာကိုလည်းသေသေချာချာလေး ရှိသင့်ပါတယ်။ ဒါမှလည်း အလုပ်မှာလည်းအာရုံစိုက်အားကောင်းပြီး အလုပ်တွေပြီးမြောက်မှာဖြစ်ပါတယ်။

Photo Source – Free pik