မင်္ဂလာပါ ပျိုမေလေးတို့ရေ။ မိန်းကလေးတိုင်းက လှချင်ပချင်ကတော့ သဘာဝပါပဲ။ အလှအပထိန်းသိမ်းချင်စိတ်ရှိဖို့ရယ် အလှအပထိန်းသိမ်းဖို့ နည်းလမ်းအမှန်တွေကို သိထားဖို့ကလည်း အရေးကြီးပါသေးတယ်။

ဒါဆိုရင် ပျိုမေလေးတို့ ရှောင်ကြဉ်လို့လည်းရအောင် လိုက်လံပြုလုပ်လို့လည်းရအောင် သိထားသင့်တဲ့ အခြေခံအလှအပဆိုင်ရာနည်းလမ်းများကို ဝေမျှပေးလိုက်ရပါတယ်။

ဆပ်ပြာနဲ့ မျက်နှာသစ်ခြင်း

ယနေ့ခေတ်မှာဆို မျက်နှာသစ်ဆေးအမျိုးအစားမျိုးစုံရနေပြီမို့ ဆပ်ပြာနဲ့ မျက်နှာသစ်တဲ့ခေတ်က ကျန်ခဲ့ပါပြီ။ ဆပ်ပြာနဲ့ မျက်နှာသစ်မယ်ဆို မျက်နှာအရေပြားကို ခြောက်သွေ့သွားစေပြီး ဖုန်မှုန့်နဲ့ အညစ်အကြေးများမှ ကာကွယ်ပေးတဲ့ အရေပြားအပေါ်ယံအလွှာကို အားနည်းစေကာ ဝက်ခြံနဲ့ အမဲစက်တွေ ပေါ်ထွက်လာပါတော့တယ်။ ဒါ့ကြောင့် ဆပ်ပြာနဲ့ မျက်နှာသစ်ခြင်းကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။

ရှိသမျှနည်းလမ်းပေါင်းစုံ အသုံးပြုခြင်း

သင့်အသားအရေကို ဖိအားပေးလေ၊ အသားအရေက ပိုထိခိုက်လေပါပဲ။ ဟိုမျက်နှာပေါင်းတင်ဆေးကတော့ အသားအရေကို ကြည်လင်စေတယ်ဆိုပဲ စမ်းသုံးကြည့်ဦးမှ၊ ဒီအလှကုန်လေးက အသားအရေကို ရွှေလိုဝင်းပစေတယ်တဲ့ ဝယ်သုံးဦးမယ်ဆိုပြီး ဘက်စုံသုံးနေမယ်ဆိုရင်တော့ အသားအရေထိခိုက်စေပါတယ်။ အဲ့ဒီလိုဘက်စုံသုံးနေမယ့်အစား အလှအပ ပညာရှင်နဲ့ သွားပြမယ်ဆိုရင် ပိုက်ဆံကုန်ရတာချင်းလည်း အတူတူနီးပါးလောက်ပဲဖြစ်ပါလိမ့်မယ်။

Sunscreen မသုံးခြင်း

နေရောင်ခြည်ဒဏ်က အသားအရေကို မွဲခြောက်ခြောက်ဖြစ်စေခြင်းနဲ့ အရေးအကြောင်းများဖြစ်ပေါ်စေတဲ့ တရားခံပါပဲ။ ဒါ့ကြောင့် ကမ်းခြေကို သွားတာပဲဖြစ်ဖြစ်၊ဘယ်နေရာပဲသွားသွား အပြင်ကထွက်ပြီဆိုတာနဲ့ Sunscreen သုံးပေးဖို့ပါပဲ။ နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးစလုံး အသုံးပြုပေးပါ။

ကြေးချွတ်ခြင်း

ကြေးချွတ်တဲ့အခါ အရေပြားကို ပျက်စီးကြမ်းတမ်းစေပါတယ်။ ကြေးချွတ်တဲ့အခါ ခံစားရတဲ့ အကျိုးအာနိသင်ကလည်း ခဏတာပဲဖြစ်ပြီး ခဏခဏကြေးမချွတ်ပေးဘူးဆိုရင် အသားအရေက ပိုလို့တောင် ပျက်စီးသွားစေပါတယ်။ ပျက်စီးသေဆုံးသွားတဲ့ ဆဲလ်တွေကို ဖယ်ရှားဖို့အကောင်းဆုံးနည်းလမ်းကတော့ အက်စစ်ပါဝင်တဲ့ အလှကုန်ပစ္စည်းများ ရွေးချယ်ခြင်းပဲဖြစ်ပါတယ်။

မိတ်ကပ်ဖျက်ပါ

မိတ်ကပ်ဖျက်ခြင်းကတော့ မဖြစ်မနေလုပ်သင့်တဲ့ အခြေခံအချက်ပါပဲ။ ဖျက်ဆေးကို အသုံးပြုပြီး မိတ်ကပ်ဖျက်ပြီးတဲ့အခါ ရေကိုစုပ်ယူနိုင်တဲ့ မျက်နှာသစ်ဆေးအသုံးပြုပြီး မျက်နှာသစ်ပေးပါ။ ဒါမှ အသးအရေက အစိုဓာတ်ပြည့်နေမှာမို့လို့ပါပဲ။

တိုနာလိမ်းပါ

မိတ်ကပ်ဖျက်ပြီးရင် တိုနာလိမ်းဖို့ကတော့ ဒုတိယအဆင့်ပေါ့။ အက်စစ်ဓာတ်ပါဝင်တဲ့တိုနာများကို အသုံးပြုပေးခြင်းက ချွေးပေါက်လေးတွေကို သန့်စင်ပေးပြီး အသားအရေညီညာအောင်ထိန်းညှိပေးပါသေးတယ်။

Moisturizer Cream လိမ်းပါ

တိုနာလိမ်းပြီးပြီဆိုရင် ရေဓာတ်ဖြည့်ပေးတဲ့ ခရင်မ်လိမ်းရမှာပါ။ ဒီ့ထက်ပိုပြီး အသားအရေကို ဂရုစိုက်စေချင်တယ်ဆိုရင်တော့ Serum အရင်လိမ်းပြီးမှ Moisturizer Cream လိမ်းပေးပါ။

Source: Brightside.me