မိန်းကလေးတိုင်းရဲ့အလှအပအတွက် မီးဖိုချောင်ထဲမှာရှိတဲ့ပစ္စည်းတွေကို အသုံးပြုလို့ရမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ ငွေကုန်သက်သာပြီး အသုံးဝင်စေတဲ့ နည်းလမ်းတွေဖြစ်တာကြောင့် အလှကြိုက်တဲ့သူတိုင်း try ကြည့်သင့်ပါတယ်။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါကိုသုံးပြီးတော့ သဘာဝအတိုင်း သွားဖြူလာအောင် လုပ်လို့ရပါတယ်။ လုပ်ရမယ့်နည်းလမ်းကလည်း အရမ်းလွယ်ကူပါတယ်။ မုန့်ဖုတ်ဆိုဒါ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရေ – အနည်းငယ်တို့ကို ပျစ်ပျစ်လေးဖြစ်အောင်ရောမွှေပြီး သွားမှာပွတ်တိုက်ပေးပါ။ ပြီးရင်တော့ ၂ မိနစ်လောက်ထားပြီး ပလုတ်ကျင်းလိုက်ရုံပါပဲ။ ဒီနည်းလမ်းကိုတော့ နေ့တိုင်း (သို့) တစ်ရက်ခြားတစ်ခါ လုပ်ပေးနိုင်ပါတယ်။

မုန့်ဖုတ်ဆိုဒါနဲ့ ဆားဝက်ခြံတွေကိုလည်း ဖယ်ရှားနိုင်ပါသေးတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ ခုနကလိုပါပဲ။ မုန့်ဖုတ်ဆိုဒါ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရေ – အနည်းငယ်တို့ကို ပျစ်ပျစ်လေးဖြစ်အောင်ရောမွှေပြီး ဆားဝက်ခြံရှိတဲ့ နှာခေါင်းနေရာမှာ ပွတ်လိမ်းထားပါ။ ၁၅ မိနစ်ထားပြီး ရေဆေးချလိုက်ရုံနဲ့ ဆားဝက်ခြံတွေပါသွားမှာပါ။

သကြား

အိမ်တိုင်းမှာရှိတဲ့ သကြားကိုသုံးပြီးတော့ sugaring wax လုပ်လို့ရပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ သကြားမှုန့် – ခွက် ၂ ခွက်ခွဲစာနဲ့ သံပယိုရည် – ခွက်တစ်ဝက်စာ၊ ရေ – ခွက် ၂ ခွက်စာတို့ကို ရောမွှေပြီး ၁၀ မိနစ်လောက် မီးဖိုပေါ် အပူပေးမွှေပေးပါ။ အချိန်ပြည့်ရင် အအေးခံပြီး ရေခဲသေတ္တာထဲထည့်ထားပါ။ သုံးခါနီးရင် အပူပြန်ပေးပြီး waxing လုပ်လို့ရပါပြီ။

သခွားသီး

သခွားသီးကို အဓိကသုံးပြီး homemade scrub လုပ်လို့ရပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ – သခွားသီးတစ်လုံးကို အခွံခွာပြီး ကြိတ်စက်နဲ့ puree ဖြစ်အောင် ကြိတ်ပေးပါ။ ကြိတ်ပြီးရင် ပန်းကန်ထဲထည့်ပြီး သကြား – ခွက်ရဲ့ ၄ ပုံ ပုံ ၃ ပုံစာ၊ အုန်းဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းတို့နဲ့ ရောမွှေပြီး ကိုယ် scrub လုပ်ချင်တဲ့နေရာကို လုပ်ပေးရုံပါပဲ။

ကြက်ဆူဆီ

ကြက်ဆူဆီက ဆံသားသန်စွမ်းစေပြီး မျက်ခုံးမွှေးသန်စေပါတယ်။ မျက်တောင်မွှေး ရှည်စေပါတယ်။ ဒါကြောင့် မျက်ခုံးမွှေးထူပြီးသန်ချင်ရင်၊ မျက်တောင်မွှေးးရှည်ချင်ရင် ကြက်ဆူဆီကို သုံးပေးနိုင်ပါတယ်။

source:www.brightside.me