အလှကုန်ပစ္စည်းတွေကလည်း ဆေးလိုပဲ သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေးဥပါဒ် ဖြစ်နိုင်ပါတယ်။ အသားအရေဆိုတာက နုနယ်တဲ့အမျိုးအစားဖြစ်လို့ ကိုယ့်အသားအရေနဲ့ တကယ်ကိုက်ညီမှုရှိတဲ့ အလှကုန်ပစ္စည်းတွေကို သုံးပေးရမှာဖြစ်သလို လိုတာထက်ပိုပြီး မသုံးမိဖို့လည်း အရေးကြီးပါတယ်။

အခုတစ်ခါမှာတော့ အခုချိန်ထိကို အလှအပ အသားအရေထိန်းသိမ်းမှုနဲ့ပတ်သက်လို့ အများစု လွဲမှားစွာ ပြုလုပ်မိနေသေးတဲ့ အချက်တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

၁။ မိတ်ကပ်ဖျက်ဖို့ Wipes တွေကိုပဲ နေ့တိုင်းအသုံးပြုခြင်း

နေ့တိုင်း အလုပ်သွားရ ကျောင်းသွားရနဲ့ အလုပ်ရှုပ်နေသူများအတွက်တော့ Wipes တွေက လွယ်လင့်တကူ အသုံးပြုနိုင်တဲ့ ပစ္စည်းတွေပါ။ ဒါပေမယ့် လိုတာထက်ပိုပြီး အသုံးမပြုမိဖို့တော့ လိုအပ်ပါတယ်။ Wipes တွေက အသားအရေကို လုံလုံလောက်လောက် မသန့်စင်ပေးနိုင်ပါဘူး။

ဒါ့အပြင် Wipes ကွာလတီက မကောင်းဘူးဆိုရင် မျက်နှာကိုပွတ်မိတဲ့အခါ အသားအရေနီရဲယားယံခြင်း၊ ခြောက်သွေ့ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်မယ်ဆိုရင် မိတ်ကန့်သန့်စင်ရည်တို့နဲ့ မိတ်ကပ်ဖျက်တာသာ အကောင်းဆုံးပါ။

၂။ Serums တွေကို သူ့ချည်းပဲ အသုံးပြုခြင်း

Serums တွေကိုအသုံးမပြုခင် Moisturizing Cream တွေကို အရင်အသုံးပြုပေးရပါမယ်။ Serums တွေမှာ အထူးသဖြင့် retinol ပါဝင်တာဆိုရင် ညနေဖက်မှာ သုံးပေးတာ ပိုကောင်းပါတယ်။ နွေရာသီမှာဆိုရင်တော့ retinol ပါတဲ့ အလှကုန်ပစ္စည်းတွေကို Sunscreen နဲ့အတူသုံးပေးဖို့ လိုအပ်ပါတယ်။

၃။ Sponge အခြောက်နဲ့ ဖောင်ဒေးရှင်းလိမ်းခြင်း

Sponge အများစုက အသုံးမပြုခင် ရေစွတ်ပေးရပါမယ်။ မဟုတ်ရင် ကိုယ်လိမ်းထားသမျှ မိတ်ကပ်တွေက Sponge ထဲ စိမ့်ဝင်သွားပြီးတော့ မိတ်ကပ်လည်း လိမ်းရတာ မညီတော့ပါဘူး။

၄။ Concealer နဲ့ Corrector ကို ခွဲခြားမသိခြင်း

Concealer ဆိုတာက မျက်လုံးတဝိုက်မှာပဲ အသုံးပြုရတာဖြစ်ပြီး Corrector ကတော့ အသားအရေပေါ်က ဖုံးချင်တာတွေအတွက် အသုံးပြုရတာဖြစ်ပါတယ်။

၅။ မျက်နှာသစ်ဆေးတွေသုံးပြီး မိတ်ကပ်ဖျက်ခြင်း

မျက်နှာသစ်ဆေးက အဆီပိုတွေ၊ ဆဲလ်သေတွေကို ဖယ်ရှားဖို့ ကောင်းစွာအသုံးပြုနိုင်တယ်ဆိုပေမယ့်လည်း မိတ်ကပ်ဖျက်ဖို့အတွက်တော့ အားမပေးပါဘူး။

၆။ Mask ကို ညလုံးပေါက်သုံးခြင်း (သို့) လုံးဝခြောက်သွားမှ မျက်နှာသစ်ခြင်း

မျက်နှာမှာ အသုံးပြုတဲ့ Mask တိုင်းက သူ့အညွှန်းနဲ့သူ အသုံးပြုရမှာဖြစ်ပါတယ်။ အညွှန်းမှာက ညလုံးပေါက်သုံးဖို့ ညွှန်းထားရင်တော့ ကိစ္စမရှိပေမယ့် မဟုတ်ရင် အသားအရေကို တော်တော်လေးထိခိုက်စေနိုင်ပါတယ်။ Mask အရွက်တွေဆိုရင် မခြောက်ခင် ဖယ်လိုက်ရမှာဖြစ်ပါတယ်။ မဟုတ်ရင် ကိုယ့်မျက်နှာက အစိုဓာတ်ကိုပါ စုပ်ယူသွားမှာဖြစ်ပြီး Clay Mask တွေဆို ကပ်စေးစေးဖြစ်နေချိန်မှာ သန့်စင်ရပါမယ်။

Image Source: BrightSide