အားလုံးပဲ မင်္ဂလာပါနော်။ ပုံမှန်အပြင်သွား၊ ရုံးတက်လုပ်နေရလို့ မဖြစ်မနေ မိတ်ကပ်ပြင်ဆင်ဖို့လိုအပ်တဲ့ ပျိုမေတို့အတွက် အချိန်ကုန်သက်သာပြီး အသုံးဝင်စေမယ့် မိတ်ကပ်ပစ္စည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလိုအသုံးတည့်တဲ့ပစ္စည်းလေးတွေ ရွေးဝယ်ထားတာက ပြင်ရဆင်ရလည်းလွယ်တဲ့အပြင် မသုံးဖြစ်ဘဲ ပိုဝယ်မိတာမျိုးမဖြစ်အောင်ပါ ကာကွယ်ပြီးသားဖြစ်မှာပါ။
၁။ Primer
အပြင်သွားရတဲ့အချိန် တစ်နေ့လုံးနီးပါး မိတ်ကပ်မပျက်ဖို့ Primer ကအဓိကပါပဲ။ Primer က မျက်နှာလေးချောမွတ်နေစေပြီး ချွေးပေါက်နဲ့ အရေးအကြောင်းအရာတွေကိုပါ ဖုံးပေးနိုင်ပါတယ်။ စေးကပ်မှုမရှိတဲ့ Primer တစ်မျိုးကို Sunscreen လိမ်းပြီးနောက် ထည့်လိမ်းပေးသင့်ပါတယ်။
၂။ အသားအရောင်နဲ့လိုက်ပြီး Coverage ကောင်းကောင်းပေးနိုင်မယ့် Cushion

Cushion တွေက အချိန်ပေးရသက်သာပြီး တစ်မျိုးထဲနဲ့ပြည့်စုံစေမယ့် Base မိတ်ကပ်တစ်မျိုးဖြစ်တာမို့ ပုံမှန်မိတ်ကပ်ပြင်နေရသူတွေအတွက် အဆင်ပြေပါတယ်။ နေလောင်ဒဏ်ကာကွယ်တဲ့ SPF ပါဝင်ပြီး အစိုဓာတ်ဖြည့်ပေးကာ စိမ့်ဝင်အားကောင်းတဲ့ Cushion မျိုးကို ရွေးချယ်ပေးပါ။ နာရီအတော်ကြာ Coverage ပးနိုင်ပြီး Refill ပါတဲ့ Cushion မျိုးဆိုပိုကောင်းပါတယ်။
၃။ အရေးအကြောင်းအတွက် Concealer တစ်မျိုး

ဝက်ခြံအမာရွတ်နဲ့ အရေးအကြောင်းတွေ အလွယ်တကူဖုံးနိုင်ဖို့ Concealer က အရမ်းအသုံးဝင်ပါတယ်။ ကိုယ့်အသားအရောင်နဲ့ သိပ်မကွဲတဲ့ Concealer Shade မျိုး ရွေးချယ်ပေးပါ။ တစ်နေကုန် ရေစိုခံတဲ့ Liquid အမျိုးအစားဆိုရင် ပိုကောင်းပါတယ်။
၄။ မိတ်ကပ်သိပ်သိပ်လေးဖြစ်စေမယ့် Loose Powder

Loose Powder တွေက အပြင်ထွက်တဲ့အချိန် အိတ်ထဲမှာဆောင်သွားဖို့လည်း လွယ်သလို မျက်နှာအဆီပြန်တာ၊ မိတ်ကပ်ကွက်တာတွေ မဖြစ်အောင်လည်း ထိန်းပေးနိုင်ပါတယ်။ ချွေးစို၊ ရေစိုခံတဲ့ Loose Powder တစ်ဗူးလောက် ဝယ်ထားပြီး မိတ်ကပ်လိမ်းပြီးနောက် ခပ်ပါးပါးပုပ်ကာအသုံးပြုပေးပါ။
၅။ မျက်ခုံးမွှေးဆွဲတံ

မျက်ခုံးမွှေးက မိတ်ကပ်မလိုဘဲတောင် မျက်နှာပုံစံကို ပြောင်းလဲပေးနိုင်တာမို့ မျက်ခုံးသေချာဆွဲပေးဖို့လည်း မမေ့သင့်ပါဘူး။ မျက်ခုံးဆွဲတံအရောင်ကို ကိုယ့်ဆံပင်ကာလာနဲ့ လိုက်ဖက်တာမျိုးရွေးချယ်ပေးပါ။
၆။ Eyeshadow နဲ့ Blusher အတွက်သုံးနိုင်မယ့် Palette

Palette အတွက် Eyeshadow နဲ့ Blusher နှစ်မျိုးသုံးလို့ရတာမျိုး ရွေးချယ်သင့်ပါတယ်။ Glitter ရော Matte ဖစ်တဲ့အရောင်တွေပါ ပါဝင်တဲ့ Palette တစ်မျိုး ရွေးဝယ်ထားတာက Eye Makeup လိမ်းဖို့လွယ်သလို သင့်ကိုအကုန်အကျလည်း သက်သာစေမှာပါ။
၇။ နှုတ်ခမ်းနီ

နောက်ဆုံးမဖြစ်မနေလိုအပ်တာကတော့ နှုတ်ခမ်းနီပါပဲ။ နှုတ်ခမ်းနီလေးဆိုးထားတာက မိတ်ကပ်မပါလဲ မျက်နှာလေးလင်းပြီး လှစေပါတယ်။ ခဏလေးနဲ့ပြယ်တာမျိုး မဖြစ်ရအောင် တစ်နေကုန်နီးပါးခံတဲ့ Lips Tint လေးတွေ အသုံးပြုသင့်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar