MyStyle Myanmar က စာဖတ်ပရိတ်သတ်တို့အတွက် ဒီနေ့မှာတော့ အီဂျစ်ဘုရင်မ ကလီယိုပတ်ထရာရဲ့ အလှအပထိန်းသိမ်းနည်းတွေထဲမှာ ထည့်သွင်းအသုံးပြုတဲ့ ပါဝင်ပစ္စည်းတွေထဲက ကြက်ဆူဆီနဲ့ပတ်သက်လို့ အသုံးပြုနည်းလေးတွေကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။

ဝက်ခြံနဲ့ ဝက်ခြံအမာရွတ်တွေ

အဆီထွက်တတ်တဲ့ အသားအရေတွေက ဝက်ခြံတအားဖြစ်လွယ်ပါတယ်။ ဒါပေမယ့် ဈေးကွက်ပေါ်က အလှကုန်ပစ္စည်းအများစုက သင့်အသားအရေကိုခြောက်သွေ့စေတတ်လို့ အစိုဓာတ်ဖြစ်ပါစေဆိုပြီး အသားအရေကနေပြီး သဘာဝအတိုင်း အဆီတွေပိုထုတ်ရာကနေ ဝက်ခြံတွေဖြစ်လာရတာပါ။ ကြက်ဆူဆီမှာတော့ Fatty Acids ပါဝင်လို့ မျက်နှာပေါ်မှာ ကြက်ဆူဆီကိုညှင်သာစွာလိမ်းပေးပြီး တစ်ညသိပ်ကာ မနက်ရောက်တော့ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။

အမာရွတ်တွေနဲ့ နေလောင်ကွက်များ

ကြက်ဆူဆီက ပျက်ဆီးနေတဲ့ဆဲလ်သေတွေကို ကွာကျစေလို့ အပူလောင်ဒဏ်ရာ၊ အမာရွတ်များနဲ့ အကြောပြတ်ရာတွေအတွက် သုံးပေးနိုင်ပါတယ်။ SPF value လည်း ၆ လောက်နီးနီးပါဝင်တဲ့အတွက် Sunscreens အများအပြားမှာလည်း ထည့်သွင်းအသုံးပြုတတ်ကြပါတယ်။

ကျိုးကြေပျက်စီးပြီး ကျွတ်လွယ်တဲ့ဆံသားတွေအတွက်

ဆံသားကိုအားဖြည့်တင်းပေးနိုင်လို့ ပျော့ပျောင်းမှုကိုဖြစ်စေကာ ကျိုးကြေတာတွေ ရှိတော့မှာမဟုတ်ပါဘူး။ ဒါသာမက ဆံပင်အမြစ်ကိုသန်မာစေလို့ ဆံပင်ကျွတ်တာကိုလည်း ကာကွယ်နိုင်မှာဖြစ်ပြီး ဗောက်ပြဿနာတွေကိုလည်း ရှောင်ရှားနိုင်မှာပါ။ တစ်ပတ်လျှင် အကြိမ်ရေနည်းနည်းလောက် ကြက်ဆူဆီကိုလိမ်းပြီး ဦးရေပြားကို သာသာလေးနှိပ်ပေးကာ ပုံမှန်သုံးနေကျခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်နိုင်ပါတယ်။

နှုတ်ခမ်းခြောက်ခြင်း

ကြက်ဆူဆီနည်းနည်းကို နှုတ်ခမ်းမှာလိမ်းပေးခြင်းဖြင့်လည်း နှုတ်ခမ်းခြောက်တာတွေကို သက်သာစေမှာဖြစ်ပါတယ်။ ဗီတာမင်အီး၊ သတ္တုဓာတ်နဲ့ Fatty Acids တို့လို အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။

မျက်ခုံးမွှေး

ကြက်ဆူဆီ (သို့) အုန်းဆီကို လက်ပေါ်နားကျက်တံက ဂွမ်းလေးနဲ့တို့ပြီး မျက်ခုံးမွှေးပေါ်မှာ အိပ်ယာမဝင်ခင်လိမ်းပေးပါ။ တစ်ညလုံးထားပြီး မနက်ခင်းမှာ ရေနွေးနွေးလေးနဲ့ ဆေးပေးပါ။ မျက်ခုံးမွှေးထူထူဖြစ်စေဖို့ အကူအညီပေးနိုင်မှာဖြစ်ပါတယ်။

Source: BrightSide

By MyStyle Myanmar