အားလုံးပဲ မင်္ဂလာပါ၊ မိန်းကလေးတိုင်းက အလှအပကြိုက်နှစ်သက်ကြပါတယ်။ ဒါ့ကြောင့်လည်း အချိန်ရရင် ရသလို အသားအရေထိန်းသိမ်း စောင့်ရှောက်မှုတွေ ပြုလုပ်ကြ၊ လှလှပပလေးဖြစ်နေဖို့အတွက် မိတ်ကပ်လေးတွေ ပြင်ဆင်ခြယ်သကြနဲ့ ကိုယ်တတ်သလောက် မှတ်သလောက် လေးတွေ ပြုလုပ်ကြပါတယ်။

ဒါပေမဲ့ တချို့ အလှအပဆိုင်ရာ ယုံတမ်းစကားလေးတွေက သင့်အလှအပအတွက် အထောက်အကူမဖြစ်ဘဲ သင့်ကို အချိန်ကုန်၊ ငွေကုန်စေတာပဲ အဖတ်တင်မှာပါ။ ဒါတင်မကသေးပါဘူး သင့်အလှအပကိုလည်း ထိခိုက်ပျက်စီးစေပါသေးတယ်။ ဒါဆိုရင် သင့်ကို အလှပျက်စေတဲ့ အလှအပဆိုင်ရာ အယူအဆမှားလေးတွေက ဘာတွေလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ကြစို့။

မိတ်ကပ်လိမ်းတာက အသားအရေကို ထိခိုက်ပျက်စီးစေတယ်ဆို

မိတ်ကပ်က အသားအရေကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ မဟုတ်ပါဘူး။ မိတ်ကပ်လိမ်းပြီးတဲ့အခါ မိတ်ကပ်မဖျက်ခြင်း၊ မိတ်ကပ်ဖျက်ရင်လည်း ကုန်စင်အောင် မဖျက်ခြင်းတို့ကသာ အသားအရေကို ပျက်စီးစေတာပါ။

Moisturizing ခရင်မ်တွေက အရေးအကြောင်းတွေကို မဖယ်ရှားပေးဘူးဆို

တကယ်တော့ Moisturizing ခရင်မ်တွေက အရေးအကြောင်းတွေကို တိုက်ခိုက်ရာမှာ ကူညီပေးပါတယ်။ ဗီတာမင်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးတဲ့ Moisturing ခရင်မ်လေးတွေ ဝယ်လိမ်းပါ။

မျက်နှာပေါ်ခရင်မ်လိမ်းတဲ့အခါ အောက်ကနေ အပေါ်ကို လိမ်းပေးရမယ်ဆို

မျက်နှာပေါ်ကို ခရင်မ်ဘယ်လိုလိမ်းရမလဲဆိုတာ စည်းမျဉ်းစည်းကမ်းလေးတွေတော့ ရှိပါတယ်။ ဒါပေမဲ့ စက်ဝိုင်းပုံစံပဲလိမ်းလိမ်း၊ အောက်ကနေ အပေါ်ပဲ လိမ်းလိမ်း ထူးထူးခြားခြားအကျိုးသက်ရောက်မှုတော့ မရှိပါဘူး။

ဆံပင် ခဏခဏညှပ်ပေးရင် ဆံပင် အရှည်မြန်တယ်ဆို

ဆံပင်က တစ်လကို ပုံမှန် ဝ.၄ လက်မ ရှည်ပါတယ်။ ပုံမှန်နှုန်းနဲ့ပဲ ရှည်သွားတာပါ။ အရှည်မြန်သွားခြင်း မရှိပါဘူး။

မျက်နှာအသားအရေ ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ရေခဲတုံးနဲ့ ပွတ်တိုက်ပေးလို့ ရတယ်ဆို

အသားအရေခြောက်သွေ့ တဲ့သူတွေကလွဲရင် ကျန်တဲ့သူတွေက ရေခဲတုံးမသုံးသင့်ပါဘူး။ ရေခဲတုံးရဲ့ နိမ့်ကျတဲ့အပူချိန်က အသားအရေကို ထိခိုက်ပျက်စီးစေတဲ့အပြင် အသားအရေတင်းရင်းမှုကိုလည်း လျော့နည်းသွားစေပါတယ်။

လက်သည်းပုံဖော်ခြင်းက လက်သည်းခွံလေးတွေ အသက်ရှုပေါက်ပိတ်အောင် လုပ်တာဆို

လက်သည်းခွံလေးတွေက ဆဲလ်သေလေးတွေပါ၊ ဒါ့ကြောင့် အောက်ဆီဂျင်လုံးဝ မလိုအပ်ပါဘူး။ လက်သည်းခွံလေးတွေသာ အသက်ရှိမယ်ဆိုရင် လက်သည်းနီဆိုးလို့တောင် ရမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုဓာတ်က လက်သည်းနီဆိုးလို့ မရအောင် ဟန့်တားနေမှာကိုး။

ပျိုမေလေးတို့ အားလုံးလည်း စိတ်ထဲမှာရှိနေတဲ့ သံသယလေးတွေ ရှင်းသွားမယ်လို့ မျှော်လင့်ပါတယ်။

Source: Brightside.me