ဇွန်းတစ်ချောင်းတည်းရှိရုံနဲ့ စာဖတ်သူတို့ရဲ့ အလှအပအတွက် အသုံးဝင်တယ်ဆိုတာ သတိထားမိပါသလား။ ဇွန်းဆိုတာကတော့ အိမ်တိုင်းမှာ ရှိကြတာမို့ အခုပြောပြမယ့် အလှအပအတွက် နည်းလမ်းကလည်း စာဖတ်သူတို့အတွက် အသုံးဝင်မှာပါ။

၁။ လိုင်နာဆွဲမယ်

ဇွန်းကို အလှအပအတွက် ပညာသားပါပါ အသုံးပြုနည်းတွေဇွန်းနဲ့ အခုပုံမှာပြထားသလို မျက်လုံးထောင့်စွန်းနားမှာ ကပ်ပြီး Eye Liner ဆွဲလို့ရပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်ကို ဒီပုံမှာကြည့်လို့ရပါတယ်နော်။

ဒါကတော့ နောက်ထပ် နည်းလမ်းတစ်ခုပါ။

၂။

ကြေမွသွားတဲ့ EyeShadow တွေကို Lip Gloss နဲ့ ရောပြီး နှုတ်ခမ်းနီအဖြစ် ပြောင်းလို့ရပါတယ်။ ဇွန်းထဲမှာ ကြေမွသွားတဲ့ EyeShadow ကိုထည့်လိုက်ပါ။ ပြီးရင် Lip Gloss ထည့်ပြီး သေချာမွှေလိုက်ပါ။ အဲဒီနောက် နှုတ်ခမ်းနီ ဆိုးလို့ရပါပြီ။

၃။

မျက်ခုံးမွှေးဆွဲလို့ရပါတယ်။ ကိုယ့်မျက်လုံးမွှေးဆွဲတဲ့အခါ ညီညီညာညာဖြစ်ချင်ရင် ဇွန်းနဲ့ အခုလိုမျိုး လုပ်ပြီး ဆွဲလို့ရပါတယ်။

၄။

မျက်အိတ်ဖောင်းတာကို သက်သာစေဖို့အတွက်လည်း ဇွန်းကိုသုံးနိုင်ပါတယ်။ အရင်ဆုံး ဇွန်းကို ရေခဲရေ ထဲစိမ်တာ (သို့) ရေခဲသေတ္တာထဲ ခဏထည့်တာမျိုး လုပ်ထားပါ။ အေးသွားပြီဆိုရင် မျက်အောက်မှာ ကပ်ပေးလိုက်ပါ။ မိနစ် အနည်းငယ်လောက်ကပ်ပေးပြီးရင် ဖယ်လိုက်ပါ။

၅။

မျက်တောင်ကော့တဲ့အခါမှာ မျက်ရစ်နားကို မပေဖို့အတွက်လည်းဇွန်းကို ခံပြီး မျက်တောင်ကော့ဆေးထည့်လို့ရပါတယ်။

မျက်တောင်အောက်နားကို မျက်တောင်ကော့ဆေးထည့်မယ်ဆိုရင်လည်း ဇွန်းကို ခံပြီး လုပ်လို့ရပါတယ်။