အားလုံးပဲမင်္ဂလာပါနော်။ မိတ်ကပ်လိမ်းတဲ့အခါ အချိန်အကြာကြီးမပေးနိုင်တဲ့သူတွေအတွက်ရော မိတ်ကပ်အဆင့်ဆင့်လိမ်းရတာကို စိတ်မရှည်ကြတဲ့သူတွေအတွက်ပါ အရမ်းကို အထောက်အကူဖြစ်စေပြီး မိတ်ကပ်lookလေးလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ သဘာဝဆန်ဆန်လှသွားစေမယ့် နည်းလမ်းကောင်းလေးတွေဖြစ်လို့ အဆုံးထိဖတ်ကြည့်လိုက်ပါနော်။
သင့်မျက်နှာတစ်ခုလုံးကို မိတ်ကပ်ဖောင်ဒေးရှင်းနဲ့ Concealer အပြည့်လိမ်းခြင်းမှ ရှောင်ကျဉ်ပေးပါ။ လိုအပ်တဲ့နေရာလောက်ပဲ့ လိမ်းပေးပါနော်။
မိတ်ကပ်လိမ်းတဲ့ဖော့ကို မသုံးခင် ရေအနည်းငယ် စွတ်လိုက်ပါ။
အဆီပြန်တဲ့သူတွေကတော့ Loose Powder ကို သုံးပေးသင့်ပါတယ်။
ပါးနီကို ပါးပြင်ပေါ်မှာရော မျက်ခွံပေါ်မှာပါ လိမ်းပေးလိုက်ပါ။
သင့်မျက်နှာလေး လန်းဆန်းနေစေဖို့ သင့်မျက်လုံးနား၊ ပါးပြင်နားကို Highlight လုပ်ပါ။
Concealer ကို မျက်လုံးအောက်နားမှာ တြိဂံပုံစံမျိုးလေးလုပ်ပြီး လိမ်းပေးပါ။
သင့်မျက်လုံးကို ပိုကြီးသယောင်ထင်ရစေဖို့ မျက်တောင်ကော့လိုက်ပါ။
Source: www.beautyofgirl.com