လူတိုင်းလှချင်ကြပါတယ်။ တနေ့တာလုံးမှာ လူကိုလန်းလန်းဆန်းဆန်းနဲ့ ဆွဲဆောင်မှုရှိရှိဖြတ်သန်းနိုင်ဖို့ မျက်နှာ ဆံပင် သွား ခြေထောက်၊ လက် စတဲ့ တကိုယ်လုံးလှပနေဖို့လိုပါတယ်။ အလှအပအတွက် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးတွေကိုပြောပြချင်ပါတယ်။

ပီကေဝါးပါ။

မေးနှစ်ထပ်ဖြစ်တာကို သက်သာပျောက်ကင်းစေဖို့အတွက် သကြားမပါတဲ့ ပီကေဝါးပေးပါ။ တစ်နေ့ကို ၃ ကြိမ် ၄ ကြိမ်လောက်ဝါးပေးပါ။ မျက်နှာပြင်ရဲ့ ကြွက်သားကို တင်းစေပြီး သွားနဲ့ သွားဖုံးကိုလည်းကျန်းမာစေသလို မေးနှစ်ဖက်ဖြစ်တာကို သက်သာစေပါတယ်။

သက်သက်လွတ်စားပြီး ဝိတ်ချပါ။

ကိုယ်အလေးချိန်ကျစေဖို့အတွက် အသားချည်းဇွတ်မစားဘဲ အသီးအရွက်နဲ့ သစ်သီးဝလံတွေစားပြီး ဝိတ်ချပါ။

ခြေထောက်နာကို ကုသမယ်။

ခြေထောက်ရောင်တာ ခြေထောက်နာမျိုးဖြစ်ပြီဆိုရင်တော့ နှမ်းဆီ စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ လေးညှင်းပွင့်ဆီ ၃ စက်ရောပြီး ခြေဖနောင်နဲ့ ခြေချောင်းတွေ နာတဲ့နေရာတွေမှာ လိမ်းပေးပါ။ နာရီဝက်လောက်ဆိုရင် သက်သာသွားမှာပါ။

ခြေသည်းလက်သည်းတွေက မှိုတွေကို ဒီလိုကုမယ်။

ရေနွေးနဲ့ ရေနဲ့ရောလိုက်ပါ။ ပြီးရင် Anti-Fungal မှိုဆန့်ကျင်ခရင်မ် (သို့) Antibiotic တစ်မျိုးမျိုးလိမ်းပြီး ရေနွေးစိမ်ထားပါ။ ခြေသည်းလက်သည်းမှာဖြစ်တတ်တဲ့ မှိုတွေကို သက်သာစေမှာပါ။

ပျားရည်လိမ်းပါ

ပျားရည်ကို မျက်နှာ၊လည်ပင်းနဲ့ လက်တွေမှာလိမ်းပေးပြီး ၁၀ မိနစ်လောက်ထားပါ။ ပြီးရင်ရေဆေးချပါ။

ငှက်ပျောသီးခွံနဲ့ သွားဖြူအောင်လုပ်မယ်။

ငှက်ပျောသီးခွံတစ်ခုကိုယူပါ။ အထဲကပျော့ဖတ်နဲ့ သွားကို ၁ မိနစ်လောက်တိုက်ပေးပါ။ ပြီးရင် ၁၀ မိနစ်လောက်ထားပါ။ အဲဒီနောက် သွားတို်က်တံ အခြောက်နဲ့ သွားတိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပါ။ သွားတွေ ဖြူဖွေးလာမှာဖြစ်ပါတယ်။

ဝက်ခြံပျောက်ပြီး အသားအရေစိုပြေဖို့

အရက်ကိုရှောင်ပါ။ ကိတ်မှုန့်၊ ရေခဲမှုန့်၊ ဘီစကစ်တွေ တခြား အသင့်လုပ်ပြုပြင်ထားတဲ့ အစားအစာတွေမစားပါနဲ့။ အစပ်နဲ့ အဆီပါတဲ့အစားအစာ လျှော့စားပါ။ ကျန်းမာအောင်စားပါ။ ရေများများသောက်ပါ။

အိပ်ယာမဝင်ခင်ရေချိုးပါ။

အိပ်ယာမဝင်ခင်မှာ ရေနွေးနွေးလေးနဲ့ ရေချိုးတာဟာ ပင်ပန်းနွမ်းနယ်မှုတွေကို ပျောက်ကင်းစေပါတယ်။

သွားတိုက်ဆေးနဲ့ လက်သည်းတွေဖြူအောင်လုပ်မယ်။

သွားတိုက်ဆေးအနည်းငယ် သံပုယိုရည် (သို့) သံပုရာရည် ၂ စက်လောက်ထည့်ပြီး လက်သည်းမှာ လိမ်းပေးပါ။ ခြောက်အောင်ထားပြီး သွားပွတ်တံနဲ့ တိုက်ချပါ။ လက်သည်းတွေ ဖြူဖွေးလာမှာဖြစ်ပါတယ်။