မိန်းကလေးတွေမှာ Period ဖြစ်တဲ့အချိန်က စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အပြောင်းအလဲမြန်တတ်တဲ့ကာလလို့ ပြောလို့ရပါတယ်။ များသောအားဖြင့် Period လာခါနီးဆိုရင် ကိုယ်တွင်းဟော်မုန်းမညီတာမို့ မျက်နှာမှာဝက်ခြံတွေထွက်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ဒီလိုအချိန်မှာ ကိုယ့်အသားအရေပြောင်းလဲမှုအပေါ်လိုက်ပြီး ထိန်းသိမ်းတတ်ဖို့ အရေးအကြီးဆုံးပါပဲ။ ဒီတစ်ခေါက်မှာ ပျိုမေတို့အတွက် Period ချိန်အတွင်း အလှအပထိန်းသိမ်းတဲ့အခါ သိထားသင့်တဲ့အရာတွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

အစိုဓာတ်ကောင်းကောင်းဖြည့်ပါ


ဒီလိုအချိန်မှာ အသားအရေကပုံမှန်ထက်ခြောက်သွေ့နေတတ်ပါတယ်။ ပုံမှန်အတိုင်း Moisturizer သုံးပေမယ့် မထိရောက်တော့သလိုခံစားရရင် အစိုဓာတ်ပေးတဲ့ပစ္စည်းတစ်မျိုးထပ်ဖြည့်ပေးပါ။ ဥပမာ Serum သုံးတာ၊ Day Cream တစ်မျိုးလိမ်းတာနဲ့ ရေဓာတ်ဖြည့်ပေးမယ့် Mask ကပ်တာတွေ လုပ်ပေးသင့်ပါတယ်။

Breakout မဖြစ်အောင်ကြိုကာကွယ်ထားပါ


Period မဖြစ်ခင်တစ်ပတ်အလိုလောက်မှာ မ ဟော်မုန်းလျော့ပြီး အရေပြား Sebum တွေ ပိုထွက်လာတတ်ပါတယ်။ Sebum ကြောင့် အဆီပြန်တာကတစ်ဆင့် ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်တတ်တာမို့ ဒါတွေမဖြစ်ရအောင် ချွေးပေါက်အတွင်းပိုင်းအထိသန့်စင်ပေးမယ့် Skincare တွေကြိုသုံးပေးပါ။ Salicylic Acid ပါတဲ့ ပစ္စည်းတွေဆိုရင် ပိုကောင်းပါတယ်။

အမွှေးရိတ်တာ၊ ဆွဲနှုတ်တာမလုပ်ပါနဲ့


ရာသီလာချိန်မှာ အသားအရေကပုံမှန်ထက်ပိုနူးညံ့ပြီး Sensitive ဖြစ်တတ်တာမို့ ဒီလိုအချိန် အရေပြားကို တိုက်ရိုက်ထိတဲ့ အမွှေးနှုတ်တာ၊ ရိတ်တာတွေ တတ်နိုင်သလောက်ရှောင်ဖို့ လိုပါတယ်။ ဒီလိုရက်တွေမှာ အမွှေးနှုတ်တာက သင့်ကိုပုံမှန်ထက်ပိုနာကျင်စေမယ့်အပြင် အသားလောင်ပြီး ရောင်ရမ်းတာတွေလည်း ဖြစ်တတ်ပါတယ်။

မျက်နှာချေးချွတ်တာ ခဏရပ်ထားပါ


Period ဖြစ်တဲ့ရက်ပိုင်းမှာ မျက်နှာ Scrub တိုက်တာ၊ Exfoliate လုပ်တာတွေ ခဏရပ်ထားပေးပါနော်။ အသားအရေထိခိုက်လွယ်တဲ့အချိန်ဖြစ်လို့ ကြမ်းကြမ်းတမ်းတမ်းပွတ်မိတာနဲ့ အရေပြားအလွှာတွေ ပျက်စီးပြီး အသားပါးလာတတ်ပါတယ်။ မျက်နှာသစ်တဲ့အခါမှာလည်း Cleanser အပျော့ကိုသာ သုံးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar