အစဉ်အမြဲငယ်ရွယ်နုပျိုတဲ့အသွင်ကို ရရှိစေဖို့နဲ့ အိုမင်းရင့်ရော်လာမှုကို နှောင့်နှေးစေဖို့က ကမ္ဘာပေါ်ရှိ အမျိုးသမီးတိုင်းရဲ့ စိတ်ကူးအိမ်မက်တစ်ခုပဲ့ပြောရင် မှားမယ်မထင်ပါဘူးနော်။ ဒါပေမဲ့ အသက်အရွယ်ရလာတာနဲ့အမျှ ပါးရေနားရေတွန့်ခြင်း၊ အရေးအကြောင်းများ၊ အမဲစက်များ ဖြစ်ပေါ်ခြင်းနှင့် အသားအရေခြောက်သွေ့ ကြမ်းတမ်းလာခြင်း စတဲ့ ဇရာလက္ခဏာတွေကတော့ ဖြစ်ပေါ်လာမှာပဲ့ ဖြစ်တယ်။ ဒါပေမဲ့ အရမ်းကြီးစိတ်မပူပါနဲ့ ဘာလို့လဲဆိုတော့ ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာလေးက အိုမင်းရင့်ရော်ခြင်းကို နှောင့်နှေးအောင် ပြုလုပ်နိုင်ပြီး သင့်ကို ရှိရင်းစွဲအသက်ထက် ပိုငယ်ရွယ်နုပျိုလှပစေမယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးမှာပဲ့ဖြစ်ပါတယ်။

ကဲ..ဘယ်လိုနည်းလမ်းကောင်းလေးတွေကို နေ့စဉ်ပုံမှန်လုပ်ဆောင်ပေးခြင်းဖြင့် နုပျိုလှပတဲ့အသွင်အပြင်ကို ထိန်းသိမ်းထားနိုင်မလဲဆိုတာ အတူတူကြည့်လိုက်ရအောင်…

၁။ တစ်နေ့တာကို CTM Skincare Routineဖြင့် အစပြုလိုက်ပါ။

Image Source: The Brown Identity

မျက်နှာအသားအရေကို သန့်စင်ခြင်းက အလွန်အရေးကြီးသော်လည်း မိန်းကလေးတော်တော်များများ အမှားလုပ်မိတတ်တဲ့အဆင့်လို့လည်း ပြောလို့ ရပါတယ်။ မျက်နှာသန့်စင်မှုပြုလုပ်တဲ့အခါမှာ အစဉ်အမြဲ Toning နှင့် Moisturizing ကိုပါ းပူးတွဲလုပ်ဆောင်ပေးဖို့က အရေးကြီးပေမယ့် တချို့ပျိုမေတို့က ကျော်သွားတတ်ကြပါတယ်။ အဲ့ဒီအတွက် CTM (Cleansing-Toning-Moisturizing) ဆိုတဲ့ Skincare Stepလေးကို မနက်တိုင်းမှာ မဖြစ်မနေ လုပ်ဆောင်ပေးဖို့လည်း မမေ့နဲ့နော်။

၂။ Eye Creamကို ဂရုတစိုက်လိမ်းပေးပါ။

အိုမင်းရင့်ရော်ခြင်းနှင့် အရေးအကြောင်းတွေ ရှေးဦးစွာဖြစ်ပေါ်လာတဲ့နေရာတွေက မျက်လုံးနှင့် နဖူးတဝိုက်ရှိအသားအရေပဲ့ ဖြစ်ပါတယ်။ မျက်လုံးအောက်တဝိုက်အသားအရေမှာ အခြားမျက်နှာပေါ်ရှိအသားအရေတွေထက် ပိုမိုပါးလွှာတဲ့အတွက် အထူးဂရုစိုက်ပေးရန် လိုအပ်ပါတယ်နော်။ ဒါကြောင့် အရည်အသွေးကောင်းမွန်တဲ့ eye cream လိမ်းပေးခြင်းနဲ့ ရေ၀၀လင်လင်သောက်သုံးပေးခြင်းက အချိန်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို တားဆီးကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

၃။ ကျန်းမာရေးနှင့် ညီညွတ်မျှတစွာစားသုံးပါ။

အခြားအပြင်ပိုင်းဂရုစိုက်မှုများကို လုပ်ဆောင်ရန်သာမက ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်မှုပုံစံကိုစားသုံးပေးရန်မှာလည်း အင်မတန်အရေးကြီးပါတယ်။ Antioxidants ကြွယ်ဝစွာပါဝင်သည့် အသီးအနှံများ၊ အစိမ်းရောင်အသီးအရွက်များကို များများစားသုံးပေးခြင်းဖြင့် ပျက်စီးနေသည့်အသားအရေကို ပြန်လည်ပြုပြင်ပေးနိုင်သလို အချိုလွန်ကဲသော၊ အဆီများသောအစားအစာများကို အထူးရှောင်ရှားစေလိုပါတယ်။

၄။ ချွေးထွက်စေပါ။

ချွေးထွက်ခြင်းက သင့်အသားအရေကို အတွင်းမှအပြင်သန့်စင်ပေးနိုင်တဲ့ သဘာဝနည်းလမ်းတစ်ခုပဲ့ ဖြစ်ပါတယ်။ ချွေးထွက်ဖို့အတွက် အားကစားလေ့ကျင့်ခန်းတွေနဲ့ ယောဂကျင့်စဉ်တစ်ခုခုကို နေ့စဉ်ပုံမှန်လုပ်ဆောင်ပေးပြီးနောက် ထွက်လာမယ့် ခန္ဓာကိုယ်အတွင်းရှိအညစ်အကြေးတွေကို ချွေးတွေနဲ့အတူ ရေချိုးသန့်စင်လိုက်ပါ။

၅။ နေပူထဲသွားရင် နေလောင်ခံခရင်မ်တို့ အကာအကွယ်တွေ ယူပြီးမှ သွားပါ။

နေလောင်ကွက်တွေနဲ့ အသားအရေမဲခြောက်ခြင်းက မပြောပလောက်ပေမဲ့ ကြာရှည်စွာ နေပူဒဏ်တွေကိုခံမယ်ဆိုရင်တော့ အသားအရေကို ဆိုးဆိုးရွားရွား ပျက်စီးစေနိုင်ပါတယ်။ ထိုမှတဆင့် အရေပြားကင်ဆာတွေအထိပါ ဖြစ်ပေါ်စေနိုင်သောကြောင့် နေပူထဲသို့မထွက်မီ sunscreen ကို အမြဲလိမ်းပေးပါ။ ထို့နောက် ထီး၊ ဦးထုပ်၊ ပုဝါကို တစ်ခုခုကို နေပူဒဏ် အကာအကွယ်အနေနဲ့ အမြဲဆောင်ယူသွားပါနော်။