အားလုံးပဲမင်္ဂလာပါနော်။ မိတ်ကပ်လိမ်းရတာကြိုက်နှစ်သက်တဲ့ပျိုမေလေးတွေရေ…တောင်ကိုးယားနိုင်ငံရဲ့ နာမည်ကျော် Beauty Blogger တစ်ဦးဖြစ်တဲ့ Pony ကိုအားလုံး ရင်းရင်းနှီးနှီးသိပြီးသားဖြစ်မယ်လို့ ယုံကြည်ပါတယ်။

အစိမ်းရောင် မျက်ကပ်မှန်နဲ့ ချစ်စရာကောင်းနေစေမယ့် Pony ရဲ့ Tropical မိတ်ကပ်လိမ်းချယ်ပုံလေးတွေ

အရမ်းချစ်စရာကောင်းပြီး မိတ်ကပ်ပြင်ဆင်ချယ်သမှုကို အမျိုးမျိုး တီထွင်ခြယ်သလေ့ရှိတဲ့ သူမက အားပေးသူ Fanတွေ အများကြီးရှိနေတဲ့ သူတစ်ဦးပဲ့ဖြစ်ပါတယ်နော်။

ဒီတခါမှာတော့ သူမရဲ့ makeup lookလေးတွေကို ကြိုက်နှစ်သက်တဲ့ပျိုမေလေးတွေအတွက် သူမ လိမ်းခြယ်ပြထားတဲ့ အစိမ်းရောင် မျက်ကပ်မှန်နဲ့ လိုက်ဖက်လွန်းတဲ့ Tropical မိတ်ကပ်လိမ်းခြယ်ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ အရင်ဆုံး မိမိနဲ့လိုက်ဖက်တဲ့ အောက်ခံ ဖောင်ဒေးရှင်းကို လိမ်းချယ်လိုက်ပါ။

၂။ ပြီးရင်တော့ Concealer ကိုလိမ်းချယ်ပေးပါ။

၃။ အဲဒီနောက် Loose Powder ကိုလိမ်းပေးလိုက်ပါ။

၄။ ပြီးရင် မျက်ခုံးမွှေးဆွဲပေးလိုက်ပါမယ်။

၅။ အဲဒီနောက်မှာတော့ နှာတံဖော်ပေးလိုက်ပါ။

၆။ ပြီးရင်မျက်လုံး Eyeshadow ကိုချယ်သရမှာဖြစ်ပါတယ်။ အဝါရောင်လေးကို အရင်ချယ်သလိုက်ပြီး ပန်းနုရောင်လေးကို မျက်ရစ်ထောင့်နားမှာ လိမ်းချယ်လိုက်ပါ။

မျက်လုံးအောက်က မျက်ခမ်းမှာလည်း လိမ်းချယ်ပေးပါ။

၇။ ပြီးရင်တော့ Eyeliner ဆိုးပေးလိုက်ပြီး မျက်တောင်ကော့ပေးလိုက်ပါမယ်။

၈။ မျက်တောင်အတုတပ်ပြီး Mascara ကိုဆိုးပေးလိုက်ပါ။

၉။ အဲဒီနောက် Highlighter နဲ့ Bronzer ကို လိမ်းပေးလိုက်ပါ။

၁၀။ နှုတ်ခမ်းနီပန်းနုရောင် အဆီခပ်ပါးပါးလေးဆိုးပေးပါမယ်။ လုံးဝကို Glow ဖြစ်နေမယ့် Look လေးပါပဲ။

၁၂။ ပြီးရင်တော့ အရွက်နဲ့ ပန်းပွင့်လေးဆွဲပေးလိုက်ပါ။

အပြည့်အစုံကြည့်ချင်ရင်တော့ ဒီ ဗီဒီယိုလေးမှာ ကြည့်လို့ရပါတယ်နော်။

Source: Pony Syndrome