မျက်နှာအသားအရေ၊ ဆံပင်၊ ဦးရေပြား၊ မိတ်ကပ် စတာတွေနဲ့ပတ်သက်ပြီး ဈေးကွက်ထဲမှာ တံဆိပ်တွေအများကြီးပဲ ထွက်ရှိထားပါတယ်။ အခုလို များပြားလှတဲ့ အလှကုန်ပစ္စည်းတွေထဲကမှ ကိုယ့်အသားအရေနဲ့ ကိုက်ညီပြီး တကယ်ထိရောက်မှုရှိတဲ့ ပစ္စည်းကို ရွေးချယ်အသုံးပြုနိုင်ဖို့ကလည်း တော်တော်လေး ခေါင်းခဲစရာပါ။

ဒါကြောင့် တကယ်လည်း အသုံးဝင်ပြီး ဈေးကွက်ထဲမှာလည်း ရှာဝယ်နိုင်တဲ့ အရည်အသွေးကောင်း အလှကုန်ပစ္စည်းများကို ပျိုမေတို့အတွက် ဖော်ပြပေးချင်ပါတယ်။

COSRX Advanced Snail 96 Mucin Power Essence

ဒီ Essence ကတော့ တော်တော်များများလည်း သိပြီးသားဖြစ်ပြီးတော့ လူသုံးလည်းများပါတယ်။ သူ့မှာ အစွမ်းထက် Snail Mucin 96% ပါတာမို့ ဝက်ခြံ အမာရွတ်တွေနဲ့ အသားအရေပျက်စီးနေတဲ့သူတွေအပြင် Sensitive Skin တွေအတွက်ပါ အရမ်းကောင်းပါတယ်။ Skin Barrier ကို မြှင့်တင်ပေးပြီး Healthy Glow Skin ပြန်ဖြစ်စေမှာပါ။ Snail essence နဲ့မတည့်ရင် Niacinamide နဲ့ မတည့်ရင်တော့ လုံးဝမသုံးသင့်ပါဘူး။

essence Lash Princess False Lash Effect Mascara

မျက်တောင်တိုပြီး ပါးတဲ့သူတွေအတွက် တော်တော်လေး အဆင်ပြေမယ့် Mascara ဖြစ်ပါတယ်။ False lash effect ရစေတာမို့ သုံးလိုက်တာနဲ့ ထူထဲပြီး မည်းနက်သွားတာကို မြင်တွေ့ရမှာပါ။ Waterproof လည်းဖြစ်တာမို့ မျက်တောင်တိုပြီး ပါးတဲ့သူတို့ စမ်းသုံးကြည့်နိုင်ပါတယ်။

Paula’s Choice 2% BHA Exfoliant

Salysalic 2% အစွမ်းပါဝင်လို့ ဆားဝက်ခြံတွေက နှာခေါင်းတစ်ဝိုက် မေးစေ့တစ်ဝိုက်နဲ့ Breakouts တွေလည်းထွက် ဘာသုံးသုံးမပျောက်ဘူးဆိုတဲ့သူတွေအတွက် အသုံးပြုသင့်တဲ့ ပစ္စည်းတစ်ခုပါ။ သူ့ကိုသုံးတဲ့နေ့မှာတော့ Vitamin C တို့ Retinol တို့ကို ရှောင်ပေးဖို့ မမေ့ပါနဲ့။

Nizoral Anti-Dandruff Shampoo

ဗောက်တွေကိုဖယ်ရှားပြီး ဗောက်ထတဲ့ ဦးရေပြားကို ပြန်လည်ပြုပြင်ပေးမယ့် Shampoo ဖြစ်ပါတယ်။ ဦးရေပြားယားယံတာ၊ ဗောက်နဲ့ ၊ အနာဖတ်တွေလို အလွားအလွားကွာနေတာတွေကို သက်သာစေတဲ့အပြင် ဦးရေပြားအလွှာအတွင်းပိုင်းထိ ပြန်လည် အားဖြည့်ပေးပြီး ဗောက်ပြန်မထအောင် ကာကွယ်ပေးမှာပါ။

Maybelline Instant Age Rewind Eraser

Collagen အပြည့်ပါပြီးတော့ Broad Spectrum SPF ပါတဲ့အတွက် နေရောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ မျက်တွင်းညိုတာ၊ အရေးကြောင်းရှိတဲ့နေရာတွေ ၊ အမဲစက် ၊ တင်းတိပ်တွေကို အကောင်းဆုံး ဖုံးအုပ်ပေးနိုင်ပါတယ်။

CeraVe Retinol Serum

Licorice root extract ကို ထည့်သွင်းပြုလုပ်ထားလို့ ၀က်ခြံနဲ့ နှင်းခူနာခေါ် eczema ရှိသူတွေအတွက် ရောင်ရမ်းတာတွေ သက်သာစေပါတယ်။ Brightening ဖြစ်စေမယ့် ingredient ကောင်းတစ်ခုဖြစ်သလို အသားအရေကို ညီညာပြီး ပိုကောင်းလာအောင် လုပ်ပေးဖို့ retinol နဲ့တွဲပြီး formulate လုပ်ထားပါတယ်။ ၀က်ခြံအမာရွတ်ကျန်တာ၊ အသားအရောင် မညီညာတာ၊ ချွေးပေါက်သိသိသာသာ ကျယ်နေတာအတွက် ပိုသင့်တော်ပါတယ်။