နှင်းဆီရည်ဆိုတာကတော့ နှင်းဆီပွင့်ဖတ်တွေကနေ ထုတ်ယူနိုင်တဲ့အရည်တစ်မျိုးပါ။ နှင်းဆီပွင့်ဖတ်တွေကို ရေနဲ့ကျိုချက်ပြီး ရလာတဲ့အရည်ပါ။ နှင်းဆီရည်က ပျိုမေတို့အလှအပရေးရာအတွက် အထောက်အပံ့ပေးနိုင်ပါတယ်။ နှင်းဆီရည်ကို သုံးဖူးတဲ့ပျိုမေတွေကော မသုံးဖူးသေးတဲ့ ပျိုမေတို့အတွက်ပါ နှင်းဆီရည်ရဲ့ အကျိုးပြုပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နှင်းဆီရည်က အသားအရေ pH Level ကိုထိန်းညှိပေးပြီး အဆီအလွန်အကျွံမပြန်ရအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။

၂။ နှင်းဆီရည်က အရေပြားနီမြန်းတာကို သက်သာစေပါတယ်။ ဝက်ခြံမထွက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အဆီနဲ့ အညစ်အကြေးတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။


Source: IndiaMART

၃။ နှင်းဆီရည်က အသားအရေကို အစိုဓာတ်ပေးပါတယ်။ လန်းဆန်းစေပါတယ်။

၄။ နှင်းဆီရည်က ဘတ်တီးရီးယားကို သေစေပြီး အမာရွတ်တွေ ရှရာပြတ်ရာတွေကို သက်သာစေပါတယ်။

၅။ နှင်းဆီရည်က အရေပြားဆဲလ်တွေကို အသစ်ပြန်ဖြစ်စေပါတယ်။


Source: Medical News Today

၆။ နှင်းဆီရည်က ချွေးပေါက်တွေကို သန့်စင်ပေးပါတယ်။

၇။ နှင်းဆီရည်က အာနိသင်ပြည့်ဝတာကြောင့် ဆံသားအတွက်လည်းသင့်တော်ပါတယ်။ ဗောက်ပျောက်စေပါတယ်။ ဆံပင်အရှည်မြန်စေပါတယ်။

၈။ နှင်းဆီရည်အနံ့က ခေါင်းကိုက်သက်သာစေပြီး လန်းဆန်းနေစေပါတယ်။

By MyStyle Myanmar