အလှအပကိုစိတ်ဝင်စားတဲ့သူတိုင်းအတွက် မျက်နှာကို ရေခဲကပ်ပေးခြင်းကြောင့် ရရှိလာမယ့်ကောင်းကျိုးတွေကို ပြောပြပေးလိုက်ပါတယ်။

ရေခဲနဲ့ မျက်နှာကို ဖြေးဖြေးချင်းပွတ်ပြီး massage လုပ်ပေးရင် သွေးလည်ပတ်မှုကောင်းစေပြီး မျက်နှာလေး Glow လာစေဖို့ ကူညီပေးပါတယ်။

ညဘက်မှာ ရေခဲကပ်ပြီးမှ Moisturizer, Serum, Ampoule တွေကိုလိမ်းပေးရင် အသားထဲပိုစိမ့်ဝင်တာ ပိုမြန်စေပါတယ်။

ရေခဲကပ်ပေးတာနဲ့ ရေခဲရေနဲ့ မျက်နှာသစ်ပေးတာက ချွေးပေါက်ကျယ်တာကို အနည်းငယ် သက်သာလာစေပါတယ်။

မျက်နှာမှာနေလောင်ထားတာရှိရင် နေရောင်ခြည်ထိပြီး နေလောင်ခံထားရရင် ရေခဲကပ်ပေးပါက သက်သာစေပါတယ်။

အောက်ခံမိတ်ကပ် foundation မလိမ်းခင်မှာ မျက်နှာကို ရေခဲနဲ့ ဖြေးဖြေးချင်းပွတ်ပြီး massage လုပ်ပေးမယ်ဆိုရင်တော့ မိတ်ကပ်လိမ်းရတာ ညက်ညက်လေးနဲ့ Flawless look ကို ရစေပါတယ်။ မိတ်ကပ်သားလည်း ပိုပြီးကြာရှည်ခံစေပါတယ်။

မျက်နှာကို ရေခဲကပ်ပြီး massage လုပ်ပေးခြင်းက မျက်နှာပေါ်မှာရှိတဲ့ အရေးအကြောင်းတွေကိုလည်း လျော့ကျသွားစေပါတယ်။

ညအိပ်ယာဝင်ခါနီးရင် နှုတ်ခမ်းကို ရေခဲနဲ့ပွတ်ပြီးမှ lip balm ဆိုးပြီး အိပ်မယ်ဆိုရင်တော့ ရေဓာတ်ပြည့်ပြီး နှုတ်ခမ်းသားချောမွေ့စေပါတယ်။

မျက်လုံးအောက်ကို ရေခဲအိတ်ကပ်ပေးခြင်းက မျက်ကွင်းညိုတာနဲ့ မျက်အိတ်ဖောင်းတာကို သက်သာစေပါတယ်။

Source: www.stylecraze.com