Wedding လုပ်မယ့် မိန်းကလေးတွေထဲမှာမှ ပုလဲကြိုက်တဲ့ မိန်းကလေးတွေ သဘောကျမယ့် လှပသော wedding hairstyle တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဆံပင်ကိုဘယ်လိုပြင်ရမလဲ မသိတဲ့သူတွေနဲ့ စဉ်းစားရခက်နေတဲ့သူတွေအတွက်လည်း အိုင်ဒီယာရသွားစေမှာပါ။

ဒီ hairstyle လေးဆိုရင် မိန်းကလေးတိုင်းနဲ့လိုက်ပါတယ်။ အရမ်းလည်းလှပြီး ပုံစံတစ်မျိုးလေးဆန်းစေပါတယ်။ ပန်းခတ်တွေနဲ့အလှမဆင်ပဲ ပုလဲနဲ့အလှဆင်ထားတာကြောင့် ပိုပြီးလှသွားစေပါတယ်။

ပုလဲအရမ်းကြိုက်တဲ့ မိန်းကလေးတွေဆိုရင် ဆံပင်ကို ဒီလိုလေးသာပြင်ကြည့်ပါ။ ပုလဲတွေနဲ့အလှဆင်တာက ရိုးရိုးလေးနဲ့အရမ်းလှပြီး သူများထက်လည်း တစ်မျိုးလေးပိုဆန်းနေစေပါတယ်။

နောက်တွဲဆံထုံးလေးပဲကြိုက်ရင်တော့ ပုလဲနဲ့ ဒီလိုလေးပြင်ဆင်လို့ရပါတယ်။ တကယ့်ကို ရိုးရှင်းပြီးလှနေတာမျိုးလေးပါ။

ဒီ hairstyle လေးက ခုနကပုံစံလေးနဲ့ဆင်ပေမယ့် နည်းနည်းကွဲပါတယ်။ ဒါလေးကပိုပြီး ရိုးရှင်းပါတယ်။

လူငယ်မိန်းကလေးတွေအနေနဲ့ dinner ပွဲတွေမှာ ဆံထုံးမထုံးချင်ရင် ဆံပင်ကို ပုလဲနဲ့ ဒီလိုလေးပြင်ဆင်လို့ရပါတယ်။

ဆံပင်ကို စည်းထားတဲ့ပုံစံလေးပဲ ပြင်ချင်တယ်ဆိုရင် ပုလဲနဲ့ ဒီလိုလေးပြင်ကြည့်ပါ။ ရိုးရှင်းပြီး အရမ်းလှပါတယ်။ တစ်ခါတစ်လေကျရင်လည်း အရိုးဆုံးက အလှဆုံးဖြစ်နေပါတယ်။

ကျစ်ဆံမြီးလေးကျစ်ပြီး ပုလဲနဲ့အလှဆင်ထားတဲ့ ဒီ hairstyle လေးဆိုရင် ရိုးရိုးရှင်းရှင်း ကယိုကယိုလေးနဲ့ လှနေစေပါတယ်။

ဆံပင်လေးချထားချင်တယ်ဆိုရင်တော့ တစ်ဝက်စည်းပြီး ပုလဲနဲ့ ဒီလိုအလှဆင်လို့ရပါတယ်။ Dinner နဲ့အလိုက်ဖက်ဆုံး ဖြစ်မှာပါ။ လူငယ်ကောင်မလေးတွေနဲ့ဆို ပိုပြီးလိုက်ပါတယ်။

ဆံပင်စည်းမယ်ဆိုရင် ဒီ hairstyle လေးလည်း အရမ်းလှပါတယ်။ ဒါပေမယ့် ဒီပုံစံလေးကျတော့ ဆံပင်အရောင်ဆိုးထားတဲ့သူတွေနဲ့ဆို ပိုပြီးလှမှာပါ။