လက်သည်းပုံဖော်ရတာ ဝါသနာပါတဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ လှပတဲ့ နှစ်ရောင်စပ် လက်သည်းဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ နှစ်ရောင်စပ်တာက မလိုက်ဖက်တာတွေ စပ်မိရင် ကြည့်ရဆိုးစေပါတယ်။ ဒါကြောင့် ဒီလက်သည်ဒီဇိုင်းလေးတွေကို အိုင်ဒီယာယူပြီး ဆိုးလို့ရပါတယ်။

ဒီနှစ်ရောင်ကို စပ်ဆိုးတာမျိုးက ရှားပါတယ်။ အရမ်းလှတဲ့နှစ်ရောင်ဖြစ်လို့ စပ်ဆိုးလိုက်တော့လည်း ဒီဇိုင်းက ရိုးရှင်းတာတောင်မှ အရမ်းလှပါတယ်။

ကာလာအမှိုင်းလေးတွေ ကြိုက်သူများအတွက် ဒီလက်သည်းဒီဇိုင်းနဲ့ အရောင်စပ်ထားတာလေးက အရမ်းလှပါတယ်။

ဒီလိုအပြာရောင်လေးကို အဖြူရောင်နဲ့ စပ်ဆိုးလိုက်ရင် ထင်းပြီး အရမ်းလှပါတယ်။ ဒီဇိုင်းကလည်း ရိုးရိုးလေးနဲ့ လှပါတယ်။ အိမ်မှာတောင် ကိုယ်တိုင်ပုံဖော်လို့ရတဲ့ ဒီဇိုင်းမျိုးပါ။

အဖြူနဲ့ ကြက်သွေးရောင်လေးကို စပ်ဆိုးထားတာက ထိပ်ပိုင်းလေးပဲ ဆိုးထားတာဆိုတော့ ထင်းပြီးလှနေတာပါ။

ဘိုဆန်ပြီးလှတဲ့နှစ်ရောင်ကို စပ်ဆိုးထားတာဖြစ်လို့ အရမ်းလှပါတယ်။

အစိမ်းနုနဲ့ အဝါရောင်နဲ့ကို စပ်ဆိုးတာက အလိုက်ဖက်ဆုံးပါပဲ။ လူငယ်ဆန်ပြီး အသားလည်းဆောင်ပါတယ်။

အရောင်ငြိမ်ပြီး အသားဆောင်တဲ့ နှစ်ရောင်ကို စပ်ဆိုးထားတာလေးက အရမ်းလှတဲ့အပြင် ဒီဇိုင်းကလည်း ရိုးရှင်းပြီး ဆန်းပါတယ်။

အဖြူနဲ့အနက်ကို စပ်ဆိုးတာကတော့ ပြောစရာမလိုအောင် အလိုက်ဖက်ဆုံးပါပဲ။ ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ရိုးရိုးလေးပေမယ့် နည်းနည်းဆန်းပါတယ်။

အနက်ရောင်ကို ဒီလို Nude ကာလာအရင့်နဲ့ စပ်ဆိုးတာက ဘိုဆန်ပြီး အရမ်းလှပါတယ်။ ပုံမဖော်ပဲ ဒီတိုင်းဗြောင်ဆိုးရုံနဲ့တင် လှနေပါပြီ။

ခရမ်းရောင်ကြိုက်တဲ့သူတွေဆိုရင် အရောင်အနုနဲ့အရင့်ကို စပ်ဆိုးကြည့်ပါ။ အရမ်းလှပါတယ်။

Photo source:www.pinterest.com