ခြေသည်းပုံဖော်ရတာကိုကြိုက်တဲ့ ကောင်မလေးတွေအတွက် လူငယ်ဆန်ပြီးလှတဲ့ အကွက်ပုံစံ ခြေသည်းဒီဇိုင်းဆန်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ခြေသည်းပုံဖော်ရင် အကွက်ပုံစံလေးတွေ ပုံဖော်တာက နည်းနည်းရှားတာကြောင့် သူများနဲ့မတူတာလေးတွေ ပုံဖော်ချင်ရင် ဒီခြေသည်းဒီဇိုင်းလေးတွေကို ပုံဖော်ကြည့်ပါ။

အနက်ရောင်ကြိုက်ရင်တော့ ဒီခြေသည်းဒီဇိုင်းလေးကိုသာ ပုံဖော်ကြည့်ပါ။ ခြေမတစ်ချောင်းထဲကို အဖြူအနက်အကွက်လေး ပုံဖော်ထားတာ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီအကွက်ဒီဇိုင်းလေးဆိုလည်း လှပါတယ်။ တွဲစပ်ထားတဲ့အရောင်က အသက်ပါပဲ။ အရမ်းအသားဆောင်ပြီးလှပါတယ်။

ဒီခြေသည်းဒီဇိုင်းလေးဆိုရင် ခြေမကိုအကွက်ဒီဇိုင်းလေးပုံဖော်ပြီး တခြားခြေချောင်းလေးကိုပါ ပုံဖော်ထားတာလေးက အရမ်းချစ်ဖို့ကောင်းပါတယ်။ အရောင်ကလည်း အနက်နဲ့မိုးပြာကိုစပ်ထားတာဖြစ်လို့ အရမ်းလှပါတယ်။

ခြေသည်းကိုအနီရောင်ဆိုးထားတာ အလှဆုံးပါပဲ။ ခြေထောက်လေးပိုဖြူသွားစေပါတယ်။ ဒါကြောင့် အနီရောင်ဆိုးမယ်ဆိုရင် ဒီခြေသည်းအကွက်ဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။

အရောင်ငြိမ်ပြီး အသားဆောင်တာလေးတွေ ကြိုက်ရင်တော့ ဒီလိုအရောင်လေးကိုရွေးပြီး အကွက်ဒီဇိုင်းလေးပုံဖော်ကြည့်ပါ။ ရိုးရိုးလေးနဲ့လှပါတယ်။

ဒီအကွက်ခြေသည်းဒီဇိုင်းလေးကတော့ ဒီဇိုင်းဆန်းပြီး အရမ်းလှပါတယ်။ ရွေးချယ်ထားတဲ့ အရောင်လေးတွေကအစ အရမ်းလှတာကြောင့် သူများနဲ့မတူတာမျိုး ပုံဖော်ချင်ရင် ဒီလိုဒီဇိုင်းလေးသာ ရွေးချယ်ပါ။

ဒီအကွက်ခြေသည်းဒီဇိုင်းလေးဆိုလည်း အရမ်းလှပါတယ်။ ဒီဇိုင်းဆန်းပြီး အရောင်လေးတွေကအစ အသားဆောင်တာကြောင့် မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ပါတယ်။

မိုးပြာရောင်လေးကြိုက်ရင်တော့ ဒီခြေသည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ ဒီဇိုင်းဆန်းပြီး ရှင်းရှင်းလေးနဲ့လှသလို အရောင်လေးတွေကလည်း တွဲစပ်ထားတာ လိုက်ဖက်နေတာပါပဲ။

photo source:www.pinterest.com