ထိုင်းမလေးတွေပြင်နေကြဖြစ်တဲ့ အရမ်းလှပြီး Fresh ဖြစ်တဲ့ Makeup Look ပြင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ပြင်ဆင်ရတာလွယ်ကူပြီး နေ့တိုင်းပြင်ဆင်ဖို့အတွက်လည်း အဆင်ပြေတဲ့ Everyday Look လေးဖြစ်ပါတယ်။

အရင်ဆုံး အောက်ခံမိတ်ကပ် Foundation လိမ်းပါမယ်။ Foundation လိမ်းတဲ့အခါမှာ နည်းနည်းချင်းစီလိမ်းပြီး Makeup Spong နဲ့ ဖိဖိပြီးလိမ်းပေးပါ။ ဒါမှ မိတ်ကပ်သား သိပ်သိပ်လေးနဲ့ လှမှာပါ။

Contouring Stick နဲ့ ပါးရိုး၊ မေးရိုးနဲ့ နှာတံကို ဖော်ပါမယ်။ ပြီးရင် Makeup Sponge နဲ့ပဲ ဖိဖိပြီး Blend လုပ်ပေးပါ။

ပါးနီကို ပန်းရောင်လေးခြယ်ပါမယ်။

Eyeshadow အညိုဖျော့လေးနဲ့ Glitter Eyeshadow အရောင်အဖျော့လေးကို ရောပြီးတော့ မျက်ခွံကိုခြယ်ပေးပါ။

မျက်လုံးအောက်နားကိုတော့ Eyeshadow အညိုဖျော့လေးနဲ့ ခြယ်ပေးပါ။

Eyeshadow အညိုရောင် ခုနကထက် နည်းနည်းရင့်တဲ့အရောင်လေးကို မျက်ခွံမှာ ထပ်ခြယ်ပါမယ်။

Eyeliner ကို Liquid Eyeliner အညိုလေးနဲ့ ပါးပါးလေး ဆွဲပါမယ်။ Wing ထွက်အောင် ဆွဲပေးပါ။ ပြီးရင် Eyeliner Brush လေးနဲ့ Blend လုပ်လိုက်ပါ။ ဒါဆိုရင် မှိန်မှိန်လေး ဖြစ်သွားပါလိမ့်မယ်။

ပြီးရင် အဲ့ Brush နဲ့ပဲ မျက်လုံးအောက်နားလေးကို ပုံမှာခြယ်ပြထားတဲ့အတိုင်းလေး လုပ်ပေးပါ။

မျက်ခုံးမွှေးကိုတစ်မျှင်ချင်းဖြစ်ပြီး သဘာဝဆန်အောင် အညိုရောင် Eyeliner နဲ့ပဲ တစ်မျှင်ချင်းဆွဲပါမယ်။ ပြီးရင် Brow Gel အညိုရောင်နဲ့ မျက်ခုံးမွှေးကို ဖြီးပေးပါ။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။ အောက်မျက်တောင်ကို Eyeliner အမဲနဲ့ မျက်တောင်ပုံစံလေးတွေ ဆွဲပေးပါ။

အပေါ်မျက်တောင်ကိုတော့ Natural ဆန်တဲ့ မျက်တောင်တုလေး တပ်ပါမယ်။ မတပ်ချင်တဲ့သူက Mascara နဲ့ပဲ သေချာကော့ပေးပါ။

နှုတ်ခမ်းနီကို ပန်းရောင်နဲ့အညိုဖောက်ထားသလို အရောင်လေးဆိုးပါမယ်။

Lip Brush နဲ့ အပေါ်နှုတ်ခမ်းနားလေးတွေကို Blend လုပ်ပေးပါ။ ဒါဆို အရောင်ပိုမှိန်ပြီး လှသွားမှာပါ။

Highlighter နဲ့ ပါးရိုးနှစ်ဖက်၊ မျက်ခုံးအောက်၊ မေးစိနဲ့ နှာတံ၊ အပေါ်နှုတ်ခမ်းထိပ်လေးတွေကို ခြယ်ပေးပါ။

မျက်လုံးထောင့်နားလေးကို Glitter Eyeshadow အဖြူလေးခြယ်ပေးပါ။

ဒါဆိုရင်တော့ ထိုင်းမလေးတွေပြင်နေကြဖြစ်တဲ့ အရမ်းလှတဲ့ Everyday Makeup Look လေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။