Makeup ပြင်လေ့ရှိတဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ လှပတဲ့ Sunkissed Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး Eyeliner ဆွဲပါမယ်။ Liquid Eyeliner နဲ့ တစ်ဝက်လောက်ကစပြီး Wing ထွက်အောင် လှလှလေးအရင်ဆွဲပါမယ်။

ပြီးမှ Gel Eyeliner နဲ့ အရှေ့ဘက်ကနေ ပြန်ဆွဲပါမယ်။

မျက်လုံးအောက်နားလေးကိုလည်း Gel Eyeliner နဲ့ ပုံမှာပြထားသလို ဆွဲပေးပါ။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။

မျက်လုံးကိုအရင်ပြင်ပြီးပြီဆိုတော့ အောက်ခံ Foundation စလိမ်းပါမယ်။

မျက်ကွင်းညိုတာကိုဖုံးဖို့အတွက် မျက်လုံးအောက်နားကို Concealer လိမ်းပါမယ်။ အသားအရောင်မညီတဲ့နေရာကိုလည်း Concealer နဲ့ဖုံးပါမယ်။

Powder ကို Brush နဲ့ယူပြီးလိမ်းပေးပါ။

နှာတံဖော်ပါမယ်။

Peach Color ပါးနီကို ပုံမှာခြယ်ပြထားသလို မျက်လုံးအောက်နားတစ်လျှောက်မှာ ခြယ်ပါမယ်။

နှာတံနေရာလေးကို Highlighter ခြယ်ပါမယ်။

နှုတ်ခမ်းနီကိုတော့ အရောင်ဖျော့ဖျော့လေးဆိုးပြီး Lip Gloss ထပ်ဆိုးထားပါတယ်။

မျက်ခုံးမွှေးကို အရင်ဖြီးပြီးတော့ တစ်မျှင်ချင်းစီ Liquid Eyeliner နဲ့ ဆွဲထားပါတယ်။

Liquid Eyeliner ကို လက်ချောင်းမှာ အစက်လေးတွေချပြီး နှာတံဘေးနားကနေ မျက်လုံးအောက်နားနေရာလေးကို

လက်နဲ့လိုက်ဖိပေးပါ။ ဒါဆိုရင်တော့ Sunkissed Look လေး ရသွားပါပြီ။

Sunkissed Makeup Look လှလှလေးပြင်ချင်ရင် ဒီ Look လေးကို Try ကြည့်နော်။