လက်သည်းပုံဖော်ရတာဝါသနာပါတဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ ဘယ်အချိန်ကြည့်ကြည့်လှတဲ့ နေကြာပန်းပွင့်ပုံ လက်သည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။ ပန်းပုံလေးတွေကြိုက်တယ်၊ နေကြာပန်းကြိုက်တယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးတွေကို ပုံဖော်ကြည့်နော်။

လက်သည်းအပြည့်ကိုပုံဖော်ထားတာဖြစ်ပြီး အကြည်အပေါ်မှာ ပုံဖော်ထားတာဖြစ်လို့ ထင်းပြီး အရမ်းလှပါတယ်။

လက်သည်းထိပ်လေးမှာပဲ ဒီလိုပုံဖော်လည်း အရမ်းလှပါတယ်။ ရှင်းရှင်းလေးနဲ့လှတာမျိုးပါ။

လက်သည်းအချွန်၊ အဝိုင်းထားတဲ့သူဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ သူလည်း ရှင်းရှင်းလေးနဲ့ လှတာပါပဲ။

ဒီနေကြာပန်းပွင့်ပုံ လက်သည်းဒီဇိုင်းကျတော့ လူငယ်ဆန်ပါတယ်။

လက်အပြည့်ပုံဖော်ချင်ရင် ဒီလိုလေးလည်း ပုံဖော်လို့ရပါသေးတယ်။ ဒီဇိုင်းဆန်းပြီးလှပါတယ်။

နေကြာပန်းပွင့်ပုံကိုမှ ဒီဇိုင်းဆန်းအောင် ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးက အမြင်ဆန်းပြီးလှပါတယ်။

လိမ္မော်ရောင်ဆိုးထားပြီး ပုံဖော်တဲ့ ဒီလက်သည်းဒီဇိုင်းလေးကတော့ အသားဆောင်ပြီး အရမ်းလှပါတယ်။

3 D ပုံစံမျိုး ပုံဖော်ရတာကြိုက်ရင် နေကြာပန်းပွင့်ပုံကို ဒီလိုလေး ပုံဖော်ကြည့်ပါ။ အရမ်းလှပြီး ထင်းနေတာပါပဲ။

အမဲရောင်ပဲကြိုက်တယ်ဆိုတဲ့သူတွေအတွက် အရမ်းလှပြီး မိုက်လည်းမိုက်တဲ့ နေကြာပန်းလက်သည်းဒီဇိုင်းလေးပါ။

လက်အပြည့် နေကြာပန်းကို အခိုင်လိုက်ပါအောင် ပုံဖော်ချင်တယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်လိုက်ပါ။ အရမ်းလှပါတယ်။

Photo source:www.pinterest.com