လူငယ်ကောင်မလေးတွေအတွက် ဓာတ်ပုံရိုက်တဲ့အခါမှာ ကိုယ်ဝတ်ထားတဲ့ပုံစံလေးနဲ့ ဖက်ရှင်ကျပြီး လှပနေစေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့သူတွေအတွက် အသုံးဝင်စေမှာပါ။

ဒီပုံလေးဆိုရင် လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။ Cute Type လေးတွေ၊ မိန်းကလေးဆန်ဆန်လေးတွေ ဝတ်ထားရင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။

ပို့စ်သိပ်မပေးတတ်လည်း မပူပါနဲ့။ ဒီလိုပို့စ်လေးတွေက လုပ်ရတာလွယ်ပြီး ချစ်ဖို့လည်းကောင်းပါတယ်။

ဖက်ရှင်ကျကျလေး ဝတ်စားထားရင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။ ကိုယ့်ဖက်ရှင်ကို ပိုပြီးပေါ်လွင်သွားစေပါတယ်။

အပေါ်ထပ်အင်္ကျီလေးဝတ်ထားရင်တော့ ဒီပို့စ်လေးကို လုပ်ပြီးရိုက်ကြည့်ပါ။ ဖက်ရှင်ကျပြီး လှပါတယ်။

ကိုယ်ဝတ်ထားတဲ့ဖက်ရှင်က စကပ်လေးဝတ်ထားတာဆိုရင် ဒီလိုလေးပို့စ်ပေးလို့ရပါတယ်။ ချစ်ဖို့လည်းကောင်းသလို ဖက်ရှင်လည်းပိုပေါ်လွင်စေပါတယ်။

ဆိုင်မှာ ထိုင်ရိုက်တဲ့အခါ ဒီလိုလေးပို့စ်ပေးကြည့်ပါ။ အရမ်းလှပါတယ်။ ရိုက်တဲ့အခါ အလယ် Center မှာ လူရောက်အောင်မရိုက်ပဲ ဘေးကပ်နေအောင်လေးရိုက်တာက ပိုလှပါတယ်။

ဒီပို့စ်မှာတော့ လက်ထားတဲ့ပုံစံလေးက အခုခေတ်စားနေတဲ့ပုံစံမျိုးလေးပါ။

ခြေထောက်ချိတ်ထိုင်ပြီး လက်လေးနှစ်ဖက်ကို ဒီလိုလေးထားပြီး ပို့စ်ပေးကြည့်ပါ။ မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

လှေကားပေါ်က ဆင်းလာရင် ဒီလိုလေးပို့စ်ပေးပြီး ရိုက်လို့ရပါတယ်။ ခက်ခဲတဲ့ပို့စ်မျိုးမဟုတ်လို့ Try ကြည့်သင့်ပါတယ်။

ဘောင်းဘီအရှည်ဝတ်ထားရင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။ ခြေထောက်ကို နည်းနည်းကားထားရင် ပိုလှပါတယ်။

Photo source:www.pinterest.com