ဒီတစ်ခါမှာတော့ သိမ်မွေ့ပြီး လှပတဲ့ပုံစံလေး ဖြစ်နေစေမယ့် softie makeup look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ ပြင်ထားတာ အရမ်း heavy လည်းမဖြစ်တာကြောင့် မိန်းကလေးတိုင်း သဘောကျမှာပါ။

အရင်ဆုံး primer လိမ်းပြီး foundation လိမ်းပါတယ်။ Foundation ကို makeup sponge နဲ့ လိမ်းပါမယ်။

Foundation လိမ်းပြီးရင် powder ပုတ်ပါမယ်။

Contouring palette အညိုရောင်နဲ့ နှာတံဖော်ပါမယ်။

မျက်ခုံးမွှေးဆွဲပါမယ်။ မျက်ခုံးမွှေးဆွဲပြီးရင် brow gel အညိုရောင်လေးနဲ့ ဖြီးပေးပါ။

Eyeshadow ခြယ်ဖို့အတွက် rose gold color (သို့) peach color လေးကိုသုံးပြီး မျက်ခွံမှာ ခြယ်ပါမယ်။ လင်းချင်ရင်တော့ shimmer ပါတာလေး ရွေးသုံးပါ။

မျက်ခုံးအောက်နားကိုလည်း ခြယ်ပါမယ်။

ဒီမှာတော့ ပိုပြီး glow သွားအောင်၊ တောက်သွားအောင် rose gold glitter eyeshadow ကို ထပ်ခြယ်ပါတယ်။ မျက်ခွံအလယ်လောက်လေးမှာပဲ ခြယ်ပေးပါ။

Mascara နဲ့ အပေါ်မျက်တောင်၊ အောက်မျက်တောင်ကို ကော့ပါမယ်။

Eyeliner ကို အထူကြီးမဆွဲပဲ ဘေးနားလေးကိုပဲ အချွန်လေးထွက်အောင် ဆွဲလိုက်ပါမယ်။

အဖြူရောင် glitter လေးကို မျက်ရစ်အပေါ်နား နည်းနည်းခြယ်ပါမယ်။ ပြီးရင် မျက်လုံးအောက်နားလေးကို နည်းနည်းခြယ်ပါမယ်။

ပါးနီကို ပန်းရောင်ဖျော့ဖျော့လေးပဲ ခြယ်ပါမယ်။

နှုတ်ခမ်းနီကို နှစ်ရောင်စပ်ဆိုးပါမယ်။ ပန်းရောင်အဖျော့လေး (သို့) လိမ္မော်ရောင် အဖျော့လေး အရင်ဆိုးပြီး အတွင်းသားကို အနီ (သို့) အုတ်ကျိုးရောင်လေး ဆိုးပေးပါ။ မျက်နှာလေး ပိုလင်းသွားစေပါတယ်။

ဒါဆိုရင်တော့ သိမ်မွေ့ပြီး လှပတဲ့ပုံစံလေး ဖြစ်နေစေမယ့် softie makeup look လေးကို ပြင်ပြီးသွားပါပြီ။