မိန်းကလေးတွေအတွက် ဘယ်တော့မှရိုးမသွားပဲ တည်ငြိမ်ပြီးလှနေစေမယ့် Soft Beige Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ ဒီ Makeup Look လေးက ဘယ်လိုအဝတ်အစား ဖက်ရှင်နဲ့မဆို လိုက်ဖက်တဲ့အပြင် Daily ပြင်ဖို့အတွက်လည်း အရမ်းအဆင်ပြေပါတယ်။

အရင်ဆုံး Skincare နဲ့ Primer လိမ်းပါမယ်။ ပြီးမှ Foundation စလိမ်းပါမယ်။ Foundation လိမ်းတဲ့အခါမှာ ပွတ်ဆွဲပြီးလိမ်းတာမျိုး မလုပ်ပါနဲ့။ ဖိဖိပြီး လိမ်းပေးပါ။ ဒါမှသိပ်သိပ်ညက်ညက်လေးဖြစ်ပြီး ပိုလှမှာပါ။

Concealer နဲ့ မျက်မှာပေါ်က အမဲစက်၊ ဝက်ခြံနဲ့ မျက်ကွင်းညိုတာ၊ အသားအရောင်မညီတာတွေကို ဖုံးပါမယ်။

အသားရောင် Eyeshadow ကို မျက်ခွံမှာခြယ်ပြီး မျက်လုံးအောက်နားကိုလည်း ခြယ်ပါမယ် ။

အသားရောင်ထက်နည်းနည်းရင့်တဲ့ Eyeshadow (သို့) အညိုဘက်သွားတဲ့ Eyeshadow အရောင်ကို မျက်ရစ်လိုင်းနေရာမှာ ခြယ်ပါမယ်။ မျက်လုံးအောက်အစွန်းထောင့်နားကိုလည်း နည်းနည်းခြယ်ပါမယ်။

Eyeliner ကို ပါးပါးလေးဆွဲပါမယ်။ Wing ထွက်အောင်ဆွဲပေးပါ။ Eyeliner က အညိုရောင်သုံးရင် ပိုကောင်းပါတယ်။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။ တစ်ချောင်းချင်းဖြစ်အောင် သေချာလေးကော့ပေးပါ။ အောက်မျက်တောင်လေးတွေကိုပါ ကော့ပေးပါ။

မျက်ခုံးမွှေးကို Natural Look လေးရအောင်ဆွဲပေးပါ။ ပြီးရင် Brow Gel နဲ့ ဖြီးပေးပါ။

ပြီးရင်တော့ နှာတံဖော်ပြီး မေးရိုးနည်းနည်းချပါမယ်။ Contouring လုပ်တဲ့အခါ Contour Palette or Eyeshadow ကို အညိုရောင်အဖျော့ပဲ သုံးပေးပါ။ အရောင်ရင့်တာတွေ မသုံးမိပါစေနဲ့။

နှုတ်ခမ်းနီကို အညိုဖျော့ Nude Color စတာတွေပဲ ဆိုးပါမယ်။ ဒါမှ Soft Beige Makeup Look နဲ့ လိုက်ဖက်နေမှာပါ။

Soft Beige Makeup Look နဲ့လိုက်ဖက်အောင် ငြိမ်တဲ့ Look လေးရအောင် ပါးနီကိုလည်း ပုံမှာပြထားသလို အရောင်နုနုလေးပဲသုံးပြီး ခြယ်ပေးပါ။

နောက်ဆုံးမှာတော့ မျက်နှာကြည်ကြည်ပြောင်ပြောင်လေးဖြစ်အောင် Highlighter သုံးပါမယ်။ ပါးရိုးနေရာ၊ မေးစိ၊ နှာတံ စတဲ့နေရာလေးတွေကို ခြယ်ပေးပါ။

ဒါဆိုရင်တော့ ဘယ်တော့မှရိုးမသွားပဲ တည်ငြိမ်ပြီးလှနေစေမယ့်၊ အဝတ်အစားတိုင်းနဲ့လည်း လိုက်ဖက်တဲ့ Soft Beige Makeup Look လေးကို ရရှိသွားပြီပဲဖြစ်ပါတယ်။