ဓာတ်ပုံရိုက်ရတာ အရမ်းဝါသနာပါတဲ့ ကောင်မလေးတွေအတွက် ထိုင်ပြီးဓာတ်ပုံရိုက်တဲ့အခါမှာတောင် Pose သေချာပေးနိုင်ဖို့၊ Pose လှလှလေးတွေ ပေးတတ်ဖို့အတွက် Sitting Pose Idea တွေကို မျှဝေပေးလိုက်ပါတယ်။

ပလက်ဖောင်းလိုအမြင့်နေရာလေးမှာ ထိုင်ရိုက်တဲ့အခါ ဘောင်းဘီရှည်နဲ့ဆိုရင် ဒီ Pose လေးကို Try ကြည့်ပါ။

Picnic ထွက်သလိုလေး ရိုက်တဲ့အခါမှာ ဒီ Pose လေးကလည်း အသုံးဝင်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ Pose လေးပါပဲ။

ခုံမှာထိုင်ရိုက်တဲ့အခါ သူများထက်ထူးချင်ရင် ဒီလိုလေးသာ ထိုင်ပြီး Pose ပေးလိုက်ပါ။

လှေကားကျဉ်းတဲ့နေရာမှာ ထိုင်ရိုက်ရင် ဒီ Pose လေးအတိုင်း ရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။ မျက်နှာလေးရယ်ပြုံးနေရင် ပိုပြီး Pefect ဖြစ်နေမှာပါ။

အထာကျကျလေး ထိုင်ရိုက်မယ်ဆိုရင်တော့ ဒီ Pose လေးအတိုင်းသာ ရိုက်ကြည့်ပါ။ မိုက်ပါတယ်။

Picnic ထွက်တဲ့အခါမှာပဲဖြစ်ဖြစ်၊ မြက်ခင်းမှာ ထိုင်ရိုက်တဲ့အခါမှာပဲဖြစ်ဖြစ် ဒီ Pose လေးက မိန်းကလေးဆန်ပြီး ဆွဲဆောင်မှုရှိတဲ့ Pose လေးပါပဲ။

ဒါကတော့ ဝတ်ထားတဲ့ဖက်ရှင်ကို ပိုပြီးမိုက်သွားစေမယ့် အထာကျသွားစေမယ့် Pose ဖြစ်ပါတယ်။

မျက်နှာမပေါ်ချင်ရင် ဒီလိုလေးထိုင်ရိုက်ပါ။ မျက်နှာမပါတာတောင် ထိုင်ပုံလေးက လှတာကြောင့် ပုံကောင်းလေးထွက်လာမှာပါ။

စာအုပ်ဖတ်နေတဲ့ပုံလေး ထိုင်ရိုက်မယ်ဆိုရင် ဒီ Pose လေးအတိုင်း ရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

Mirror Selfie ထိုင်ရိုက်တဲ့အခါမှာ အသုံးဝင်စေမယ့် Pose ပေးနည်းလေးတွေပါ။

Photo source:www.pinterest.com