နှင်းဆီပန်းကြိုက်တဲ့ မိန်းကလေးတွေအတွက် အရမ်းလှတဲ့ Rose Tattoo Design တချို့ကို မျှဝေပေးလိုက်ပါတယ်။ မိန်းကလေးတွေအတွက်တော့ Rose Tattoo ဆိုတာက Romance & Love ကို ကိုယ်စားပြုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် နှင်းဆီပန်းကြိုက်လို့ Tattoo ကိုလည်း နှင်းဆီ Rose Design လေးတွေ ထိုးချင်တယ်ဆိုရင် ဒီ Design လေးတွေက အရမ်းလှပါတယ်။

နှင်းဆီပန်းကို တစ်ပွင့်ထဲနဲ့ ထင်းပြီးလှနေစေမယ့် Tattoo Design လေးက လက်မှာထိုးရင် ပိုလိုက်တဲ့ Rose Design လေးပါ။

နှင်းဆီပန်းပဲသီးသန့်မထိုးချင်ဘူးဆိုရင် ဒီလိုလိပ်ပြာပုံလေးနဲ့ ရောစပ်ပြီးထိုးကြည့်ပါ။ ဒီ Rose Tattoo Design လေးဆိုရင် အရမ်းလှပါတယ်။ ရင်ဘတ်နား၊ ပခုံးနားမှာထိုးရင် ပိုလိုက်ပါတယ်။

မိန်းကလေးတွေက ရင်ဘတ်နား၊ ပခုံးနားမှာ ပန်းပွင့်လေးတွေနဲ့ စာတန်းလေးတွေထိုးတာမျိုး အရမ်းကြိုက်ကြပါတယ်။ နှင်းဆီပန်းကြိုက်တယ်ဆိုရင်တော့ ဒီလို Rose Tattoo Design လေးကို ထိုးလို့ရပါတယ်။

ခါးအနောက်မှာထိုးထားတဲ့ ဒီ Rose Tattoo Design လေးဆိုရင်လည်း အရမ်းလှပြီး ဆွဲဆောင်မှုရှိပါတယ်။

နှင်းဆီပန်းကိုမှ အသည်းပုံစံလေးထိုးထားတဲ့ ဒီ Rose Tattoo Design လေးကတော့ အချစ်ကိုကိုယ်စားပြုတဲ့ ပုံစံလေးပါပဲ။ အရမ်းလည်းလှပါတယ်။

နှင်းဆီပန်းပုံကို နားနောက်မှာထိုးလည်း လှပါတယ်။ မိန်းကလေးတွေနဲ့ အရမ်းလိုက်ဖက်တဲ့ Rose Tattoo Design လေးပါ။

လက်ဖျံမှာ နှင်းဆီပန်းပုံလေးလည်း ထိုးချင်တယ်၊ စာသားလေးလည်း ထိုးချင်တယ်ဆိုရင် ဒီလို Rose Tattoo Design လေးကို ထိုးကြည့်နော်။

နောက်ကျောမှာ နှင်းဆီပန်းပုံကို တောက်လျှောက်ထိုးတာမျိုးက မိန်းကလေးတွေအတွက် ဆွဲဆောင်မှုရှိတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ဒီ Rose Tattoo Design လေးတွေဆိုရင် အနုပညာဆန်ပြီး အရမ်းကိုလှပါတယ်။

နှင်းဆီပန်းပုံကိုမှ သေးသေးလေးပဲ ထိုးချင်တယ်ဆိုရင် လက်မှာပဲဖြစ်ဖြစ်၊ ရင်ဘတ်နား၊ ပခုံးနားမှာပဲဖြစ်ဖြစ် ဒီလို Design လေး ထိုးကြည့်ပါ။ ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

လက်ပတ်လိုမျိုးလေးထိုးထားတဲ့ ဒီ Rose Tattoo Design လေးကတော့ အမြင်ဆန်းပြီး အရမ်းလှပါတယ်။

နှင်းဆီပန်းကိုမှ သံစဉ်ပုံစံလေးထိုးထားတဲ့ ဒီ Rose Tattoo Design လေးကတော့ အနုပညာဆန်ပြီး အရမ်းလှသလို အမြင်လည်းဆန်းစေပါတယ်။

ဗိုက်နား၊ ခါးနားမှာ ထိုးမယ်ဆိုရင် နှင်းဆီပန်းနဲ့ Crown ပုံလေးကိုထိုးထားတဲ့ ဒီ Tattoo Design လေးက အရမ်းလှပါတယ်။

ဒီ Rose Tattoo Design ဆိုရင် အရမ်းကို Perfect ဖြစ်ပြီး ဆွဲဆောင်မှုရှိရှိနဲ့ လှပါတယ်။ ကြည့်လိုက်တာနဲ့ နှင်းဆီပန်းလေးရော၊ လိပ်ပြာလေးရော ထင်းနေတာပါပဲ။