လက်သည်းပုံဖော်ရင် accessories လေးတွေတပ်တာက လက်သည်းပိုပေါ်ပြီး ပုံဖော်ထားတာမှန်း ပိုသိသာစေပါတယ်။ ဒီလို accessories လေးတွေကပ်တဲ့အခါမှာ ဖဲပြားပုံလေးတွေကပ်ရတာကို ကြိုက်တဲ့ ကောင်မလေးတွေအတွက် အရမ်းလှတဲ့ လက်သည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။

အပြာကြိုက်တယ်ဆိုရင် မိုးပြာရောင်ကိုဆိုးပြီး ဒီလိုလက်သည်းဒီဇိုင်းလေးတွေ ပုံဖော်ကြည့်ပါ။ အရောင်က ချစ်ဖို့ကောင်းတဲ့အပြင် ဖဲပြားလေးနဲ့ ပိုတောင် perfect ဖြစ်သွားပါသေးတယ်။

ဒီလက်သည်းဒီဇိုင်းလေးကျတော့ အပြာကိုမှ အရောင်စပ်ထားတာဖြစ်လို့ ဒီဇိုင်းဆန်းပြီး အရမ်းလှပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် နက်ပြာရောင်လေးဆိုးပြီး glitter လေးတွေနဲ့ ဖဲပြားကပ်ထားတဲ့ဒီဇိုင်းက အရမ်းလှပါတယ်။

အနီရောင်ကို glitter လေးတွေနဲ့ စပ်ဆိုးထားပြီး ကျောက်နဲ့ ဖဲပြာကပ်ထားတဲ့ဒီဇိုင်းက အရမ်းလှပါတယ်။ အနီလေးကြောင့် ပိုပြီးလှသွားစေပါတယ်။

အစိမ်းရောင်ကြိုက်ရင်တော့ အရောင်နုတာလေးတွေကို ရွေးဆိုးပြီး ဖဲပြားလေးကပ်ပြီး ပုံဖော်ကြည့်ပါ။ ဒီလက်သည်းဒီဇိုင်းလေးတွေဆိုရင် ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

ပန်းရောင်ကြိုက်တယ်၊ လက်သည်းပုံဖော်ရင် ဖဲပြားကပ်တာမျိုးလည်း ကြိုက်တယ်ဆိုရင်တော့ ဘာမှစဉ်းစားမနေပဲ ဒီလက်သည်ဒီဇိုင်းလေးကိုသာ ပုံဖော်လိုက်ပါ။ အရမ်းလှပြီး ချစ်ဖို့လည်းကောင်းပါတယ်။

အရမ်းချစ်ဖို့ကောင်းတဲ့ cute type လေးတွေကြိုက်ရင် ဒီလက်သည်းဒီဇိုင်းလေးက အရမ်းချစ်ဖို့ကောင်းပါတယ်။ ဘယ်လိုအရောင်နဲ့ဆိုးဆိုး ချစ်ဖို့ကောင်းတဲ့ ဒီဇိုင်းလေးပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ကြက်သွေးရောင်နဲ့ အဖြူလေးကို စပ်ဆိုးပြီး ပုံဖော်ထားတာလေးက အရမ်းလှပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးကတော့ ခရမ်းရောင်ကြိုက်တဲ့ ကောင်မလေးတွေ သဘောကျမယ့် ဒီဇိုင်းလေးပါ။

Nude ကာလာလေးတွေ၊ အညိုဖောက်တဲ့ အရောင်လေးတွေ ကြိုက်တယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးတွေကိုသာ ရွေးချယ်ပါ။

ဒီလက်သည်းဒီဇိုင်းလေးတွေကျတော့ အဖြူနဲ့ အကြည်ကို အဓိကသုံးထားတာဖြစ်လို့ သန့်ပြီး ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။

အဝါရောင်ကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးတွေကိုသာ ရွေးချယ်ပါ။ ဖဲပြားလေးနဲ့လိုက်ဖက်ပြီး အရမ်းလှပါတယ်။

အမဲနဲ့အဖြူကိုစပ်ပြီး ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးကတော့ အရမ်းလှပါတယ်။ ဖဲပြားလေးကြောင့် ပိုပြီးလှသွားတာပါ။

Photo source:www.pinterest.com