မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ စာဖတ်ပရိတ်သတ်တွေထဲမှာ မိုးဥတုကို မျှော်လင့်နေတဲ့သူတွေရှိလား။ မိုးရာသီရောက်တဲ့အချိန် အမြဲပူနေတဲ့ နေရောင်လည်း လျော့သွားမယ်။ သစ်ပင်တွေ စိမ်းစိုလာမယ်။ ညအိပ်ခါနီး မိုးရွာရင်လည်း မိုးအေးအေးလေးနဲ့ စောင်ခြုံပြီးကွေးနိုင်တယ်။ မိုးသံတဖျောက်ဖျောက်နဲ့ စာအုပ်ဖတ်လို့ရတယ်။ မိုးရွာနေတဲ့အချိန် ကော်ဖီလေးတစ်ခွက်သောက်ပြီး အနားယူနိုင်တယ်။

နွေရာသီမှာ နေက အတော်ပူခဲ့တာကြောင့် စာဖတ်ပရိတ်သတ်အများစုက မိုးရာသီကို မျှော်လင့်နေကြမယ်ထင်ပါတယ်။ ဒါကြောင့်ဒီတစ်ခေါက်မှာတော့ မိုးရာသီမှာ တွေ့မြင်ရတဲ့ ပုံရိပ်တွေကို လွမ်းဆွတ်ဖွယ် ဖော်ပြပေးလိုက်ပါတယ်။ ဒီပုံလေးတွေကို ရာသီဥတုပူလာတဲ့အချိန်တိုင်း စိတ်အမောဖြေဖို့ သိမ်းထားဖို့ မမေ့ပါနဲ့နော်။ ဒီပုံလေးတွေကြည့်တဲ့အချိန် သင့်စိတ် မိုးရေနဲ့အတူ အေးချမ်းသွားမယ်ဆိုတာတော့ သေချာပါတယ်။

Source: Pinterest

By MyStyle Myanmar