ခရမ်းရောင်ကြိုက်တဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ လှပတဲ့ ခရမ်းရောင် ခြေသည်းဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ တချို့က လက်သည်းပုံဖော်ရတာကြိုက်ပေမယ့် တချို့ကျတော့ ခြေသည်းပုံဖော်ရတာကိုပဲ သဘောကျကြတာပါ။ ဒါကြောင့် ခြေသည်းပုံဖော်ရတာကြိုက်တယ်၊ ခရမ်းရောင်လည်း ကြိုက်တယ်ဆိုရင်တော့ ဒီခြေသည်းဒီဇိုင်းလေးတွေကိုလည်း ကြိုက်မှာသေချာပါတယ်။

ဒီခြေသည်းဒီဇိုင်းလေးဆိုရင် ခြေမတစ်ချောင်းထဲကို ဖဲပြားလေးကပ်ပြီး ပုံဖော်ထားတာ အရမ်းလှပါတယ်။ မိန်းကလေးဆန်ပြီး ရှင်းရှင်းလေးနဲ့ လှတာပါ။

ခြေမတွေကို ပုံစံမတူအောင် ဒီလိုလေးတွေ ပုံဖော်တာလည်း အရမ်းလှပါတယ်။ လူငယ်၊ လူကြီး အားလုံးနဲ့လိုက်ဖက်တဲ့ ဒီဇိုင်းမျိုး ဖြစ်ပါတယ်။

ဒီခြေသည်းဒီဇိုင်းလေးဆိုရင် ခရမ်းရောင်ဆိုးပြီး ပန်းပွင့်ပုံလေး ပုံဖော်ထားတာ အရမ်းလှပါတယ်။ လူကြီး၊ လူငယ် အားလုံးနဲ့လိုက်ဖက်ပြီး ရိုးရိုးလေးနဲ့လှတဲ့ ဒီဇိုင်းမျိုးပါ။

ခြေသည်းအကုန်လုံး ပုံဖော်ရတာမကြိုက်ရင် ခြေမကိုပဲ ပန်းပုံအပြည့်ပုံဖော်ပြီး ကျန်တာကို ဗြောင်လေးဆိုးပါ။ တစ်မျိုးဆန်းပြီးလှပါတယ်။ ဒါပေမယ့် လူငယ်တွေနဲ့ ပိုပြီးလိုက်မှာပါ။

ကျောက်တွေကပ်ရတာကြိုက်ရင်တော့ ဒီခြေသည်းဒီဇိုင်းလေးကို သဘောကျမယ်လို့ ထင်ပါတယ်။ ကြည့်လိုက်တာနဲ့ ထင်းပြီး လှနေစေပါတယ်။

ဒီခြေသည်းဒီဇိုင်းလေးကတော့ အဖြူနဲ့ ခရမ်းကို စပ်ပြီးပုံဖော်ထားတာ ဒီဇိုင်းနဲ့အရောင်က လူငယ်ဆန်ပြီး လှသလို၊ ချစ်ဖို့လည်းကောင်းပါတယ်။ ဒါကြောင့် လူငယ်ကောင်မလေးတွေနဲ့ဆို ပိုပြီးလိုက်မှာပါ။

ဒီလိုသက်တန့်ပုံရောင်ပြေးလေးလည်း အရမ်းလှပါတယ်။ ရိုးရိုးလေးနဲ့ ဒီဇိုင်းဆန်းပြီးလှတာမျိုးပါ။

ရှင်းရှင်းလေးပဲကြိုက်တယ်၊ ခရမ်းရောင်လည်း ကြိုက်တယ်ဆိုရင်တော့ ဒီခြေသည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ အရမ်းလှပါတယ်။

ဒီခြေသည်းဒီဇိုင်းလေးဆိုရင် ကိုယ်တိုင်တောင် အိမ်မှာဆိုးလို့ရပါတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

ခရမ်းရောင်ကို အနုအရင့်တွဲပြီး ဒီလိုလေးပုံဖော်ဆိုးတာလည်း လှပါတယ်။ ဒါကတော့ လူငယ်ကောင်မလေးတွေ ပိုပြီးသဘောကျမယ့် ဒီဇိုင်းလေးဖြစ်မှာပါ။

Photo source:www.pinterest.com