တစ်ကိုယ်ပုံမရိုက်ချင်တဲ့အခါမှာလည်း လှပတဲ့ပုံကောင်းလေးတွေ ထွက်လာစေဖို့ လှပတဲ့ ပို့စ်ပေးနည်း အိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့သူတွေနဲ့ ဓာတ်ပုံရိုက်တဲ့အခါ သိပ်ပြီး ပို့စ်မပေးတတ်တဲ့သူတွေအတွက် အသုံးဝင်မှာသေချာပါတယ်။

အခုခေတ်စားနေသလို ဖက်ရှင်ကျကျလေးဖြစ်နေစေမယ့် ပို့စ်ပေးနည်းလေးပါ။ ပိုက်ဆံအိတ်ကို လက်နဲ့ကိုင်ထားတာလေးက အသက်ပါပဲ။

ချစ်ဖို့ကောင်းတဲ့ Cute Type ပုံလေးတွေ ရိုက်ချင်ရင်တော့ ဒီပို့စ်လေးကိုသာ Try ကြည့်လိုက်ပါ။

လှေကားမှာရိုက်တဲ့အခါ ရိုက်နေကျပုံစံတွေနဲ့မတူပဲ ကွဲထွက်ပြီး တစ်မျိုးလေးလှနေစေမယ့် ပို့စ်ပေးနည်းလေးပါ။ Lighting ကောင်းရင် ပိုလှမှာပါ။

ဒီပို့စ်လေးဆိုရင် ရိုးရိုးလေးပါပဲ။ ရယ်နေတာလေးက အသက်ပါရင် လှပတဲ့ပုံကောင်းလေး ထွက်လာမှာပါ။

ခရီးသွားတဲ့အခါမှာပဲဖြစ်ဖြစ် ဒီလိုဦးထုပ်လေးနဲ့ ရိုက်မယ်ဆိုရင် အသုံးဝင်စေမယ့် ပို့စ်ပေးနည်းလေးပါ။ အရမ်းလည်းလှသလို လုပ်ရတာလည်း လွယ်ကူတဲ့ပို့စ်မျိုးပါ။

ပို့စ်သိပ်မပေးတတ်တဲ့သူတွေအတွက် လက်ပိုက်နေရုံနဲ့လှနေမယ့် ပုံစံလေးဖြစ်ပါတယ်။

လက်ထည့်စရာ ဘောင်းဘီအိတ်ကပ်လေးပါရင် ဒီပို့စ်လေးအတိုင်းသာ ပို့စ်ပေးပြီးရိုက်ကြည့်ပါ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

မိန်းကလေးဆန်ပြီး လှနေစေမယ့် ပို့စ်ပေးနည်းလေးပါ။ စကပ်လေးတွေ၊ ဂါဝန်လေးတွေဝတ်ထားရင် ဒီပို့စ်လေးနဲ့ အရမ်းလိုက်ပါတယ်။

ဒါလည်း မိန်းကလေးဆန်ပြီး လှနေစေမယ့် ပို့စ်ပေးနည်းပါပဲ။ လုပ်ရတာလည်း အရမ်းလွယ်ကူပါတယ်နော်။

ထိုင်ပြီးရိုက်တဲ့အခါမှာ ဒီလိုပို့စ်ပေးတာလေးက Snap ဆန်ပြီး အရမ်းလှပါတယ်။ Lighting ကောင်းတဲ့နေရာလေးကိုသာ ရွေးပြီးရိုက်ပါ။

Photo source:www.pinterest.com