ပုံရိုက်ရင် နောက်ခံ Background မလှရင်တောင် Pose ကောင်းကောင်းပေးတတ်ရင် လှနေတာပါပဲ။ အဓိကက Pose ပေးနည်းပါပဲ။ ဒါကြောင့် ပုံလှလှလေးတွေ ရိုက်ရတာကို ကြိုက်သူများအတွက် အရမ်းလှတဲ့ Pose Idea လေးတွေကို မျှဝေပေးလိုက်ပါတယ်။

နေထိုးနေလည်း လှနေအောင်လို့ ဒီလိုလေး Pose ပေးပြီး ရိုက်လို့ရပါတယ်။ မျက်စိမှိတ်ထားပြီး မျက်နှာလေးကို Sweet ဖြစ်အောင် ပြုံးထားပါ။

အပေါ်ထပ်လေးဝတ်ထားရင် ဒီလိုလေးတွေ Pose ပေးကြည့်ပါ။ ဓာတ်ပုံရိုက်ရင် Camera ကြည့်ရတာမျိုး သိပ်မကြိုက်ရင် ဒီ Pose လေးတွေကို ရိုက်ဖြစ်အောင် ရိုက်ကြည့်ပါ။

ဓာတ်ပုံရိုက်ရင် လက်ဘယ်နားထားရမှန်းမသိဘူးဆိုတဲ့ ကောင်မလေးတွေအတွက် Pose ပေးနည်းပါပဲ။

လက်လေးနှစ်ဖက်ကို နောက်ပစ်ပြီး Body ကို နည်းနည်းလေးစောင်းပါ။ ပြီးရင် ဒီလိုလေး သေချာရယ်ပြီး ရိုက်ကြည့်ပါ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

ကိုယ့်ပိုက်ဆံအိတ်လေးလည်း ပါအောင်ရိုက်ချင်တယ်ဆိုရင် ဒီ Pose လေးအတိုင်း ရိုက်ကြည့်ပါ။ အရမ်းလည်းလှပါတယ်။

ပန်းစည်းလေးနဲ့ ဓာတ်ပုံရိုက်တဲ့အခါ ဘယ်လို Pose ပေးရမှန်းမသိတဲ့သူတွေအတွက် အရမ်းလှပြီး ချစ်ဖို့ကောင်းနေမယ့် Pose ပေးနည်းလေးတွေပါ။

ဒီ Pose လေးဆိုရင် နေရောင်ထဲထွက်ရိုက်ရင် Glow ထွက်နေမယ့် Pose မျိုးပါ။ အရမ်းလည်းလှပါတယ်။

ပန်းပင်လေးတွေကို နောက်ခံထားရိုက်တဲ့အခါ ဒီ Pose လေးတွေကို အသုံးချကြည့်ပါ။ အရမ်းလှပြီး ချစ်ဖို့ကောင်းနေမှာ သေချာပါတယ်။

မြက်ခင်းမှာ ထိုင်ရိုက်ရင်တောင် ကျော့ရှင်းပြီးလှနေမယ့် Pose ပေးနည်းလေးပါ။

တစ်ကိုယ်လုံးပုံလေးတွေရိုက်ရင် ဒီလို Pose နဲ့ မျက်နှာအနေအထားကိုလည်း ပြုံးရယ်ပြီး ရိုက်ကြည့်ပါ။ အရမ်းလှပြီး Natural ဆန်ပါတယ်။

Photo source:www.pinterest.com