ပို့စ်သိပ်မပေးတတ်တဲ့သူတွေအတွက် ဓာတ်ပုံရိုက်တဲ့အခါမှာ အဆင်ပြေမယ့် ပို့စ်ပေးနည်းလှလှလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီပို့စ်လေးတွေကိုကြည့်ပြီး Try ကြည့်မယ်ဆိုရင် လှပတဲ့ ပုံကောင်လေးတွေ ထွက်လာမှာ သေချာပါတယ်။

ထွေထွေထူးထူးပို့စ်တော့ မဟုတ်ပါဘူး။ ခါးထောက်ပြီး အခြားတစ်ဖက်ကိုကြည့်ကာ ရယ်ပြုံးနေတဲ့ပုံလေး ပို့စ်ပေးလိုက်ရုံပါပဲ။

ဘေးမှာ ထိုင်ခုံရှိရင် ဒီလိုလက်လေးတင်ပြီး တစ်ဖက်ကိုကြည့်နေတဲ့ပုံလေး ရိုက်ကြည်ပါ။

ပို့စ်သိပ်မပေးတတ်တဲ့သူတွေအတွက် လွယ်ကူတဲ့ပို့စ်ပေးနည်းကတော့ ဒီပုံလေးပါပဲ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

မိန်းကလေးဆန်ဆန် ချစ်ဖို့ကောင်းတဲ့ပုံစံလေး ဝတ်ထားတဲ့အခါမှာတော့ ဒီလိုလေးပို့စ်ပေးရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

ဖက်ရှင်အမိုက်စားလေးဝတ်ထားတယ်ဆိုရင် ဒီလိုအထာကျကျလေး ပို့စ်ပေးလို့ရတယ်နော်။ ဝတ်ထားတဲ့ ဖက်ရှင်ကိုလည်း ပေါ်လွင်စေပါတယ်။

ကင်မရာမကြည့်ချင်တဲ့သူတွေအတွက် နောက်ထပ်လွယ်ကူတဲ့ ပို့စ်လေးပါ။

ကင်မရာကြည့်ပြီး ပို့စ်သိပ်မလုပ်တတ်ဘူးဆိုရင် ဒီပို့စ်လေးက အသုံးဝင်ပါလိမ့်မယ်။ မျက်နှာလေးပြုံးထားရင်တော့ ပိုလှပါတယ်။

ထိုင်ခုံမှာထိုင်ရိုက်တဲ့အခါ ခါးကုန်းနေရင် ကြည့်ရဆိုးပါတယ်။ ဒါကြောင့် ခါးကို ဒီလိုလေးမတ်ပြီး ရိုက်ကြည့်ပါ။ ဓာတ်ပုံရိုက်ရင် လက်ဘယ်နားထားရမှန်း မသိတဲ့သူတွေအတွက်လည်း အဆင်ပြေတာပေါ့။

ဆွဲဆောင်မှုရှိပြီး လှပကြော့ရှင်းနေတဲ့ ပို့စ်မျိုးပါ။ လက်နဲ့မျက်နှာအနေအထားက အသက်ပါပဲ။

Snap ပုံစံရိုက်ချင်ရင် ဒီလိုလေးရိုက်ကြည့်ပါ။ မျက်လုံးမလှမှာကြောက်ရင် နေကာမျက်မှန်တပ်လိုက်ရုံပဲနော်။

Photo source:www.pinterest.com