လက်သည်းဖော်တာ၊ လက်သည်းနီဆိုးတာကို ဝါသနာပါကြလားရှင့်။ လက်သည်းနီဆိုးဖို့ ဆိုင်ကိုသွားတဲ့အခါ ဆိုင်ကပေးတဲ့ ဒီဇိုင်းတွေက များလွန်းလို့ ဘာရွေးရမှန်းမသိဘူး ခေါင်းရှုပ်သွားလား။ အခုခေတ်စားနေတဲ့ Nude Color လက်သည်းနီ ဒီဇိုင်းလှလှလေးတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။ ဆိုင်မှာတင်မက အိမ်မှာလည်း ကိုယ်တိုင်လက်တွေ့လုပ်လို့ရမဲ့ ဒီဇိုင်းလေးတွေပါ။
ဒီဇိုင်း ၁
ရိုးရှင်းတဲ့ အရောင်လေးပေါ်မှာ ကျောက်လေးတွေ ကပ်လိုက်တဲ့ဒီဇိုင်းလေးပါ။ ရိုးပေမဲ့ လှနေတဲ့ဒီဇိုင်းမို့ စာဖတ်သူတို့အကြိုက်တွေ့ကြမယ်ထင်ပါတယ်။
ဒီဇိုင်း ၂
ဒီ ဒီဇိုင်းပုံလေးကလည်း တစ်မျိုးလေး အမြင်ဆန်းစေပါတယ်။ အရောင်နှစ်မျိုးကို ဒီလိုလေး စပ်ပြီးဆိုးတော့လည်း ဖက်ရှင်ကျတာပါပဲ။
ဒီဇိုင်း ၃
ရိုးရှင်းပြီး ချစ်စရာကောင်းတဲ့ ဒီဇိုင်းလေးပါ။ Nude Color နဲ့ အမည်းရောင် အစက်အပျောက်ပုံဒီဇိုင်းဆွဲလိုက်တော့လည်း လှပတင့်တယ်နေတာပါပဲ။
ဒီဇိုင်း ၄
Nude Color ပေးမှာ အမည်းရောင် ကျားသစ်ကွက်လိုအစက်အပျောက်လေး ဆွဲပေးထားတဲ့ဒီဇိုင်းလေးပါ။
ဒီဇိုင်း ၅
အရောင်လေးက မျက်လုံးအေးစေပြီး လက်သန်းကြွယ်မှာပဲ ခပ်ဆန်းဆန်းလေး အလှကပ်ထားတဲ့ ဒီဇိုင်းလေးပါ။
ဒီဇိုင်း ၆
ပန်းလေးတွေ နဲ့ ကျောက်ထည့်ပြီး လက်သည်းနီဒီဇိုင်းကို ပုံဖော်ထားတာဖြစ်ပါတယ်။
ဒီဇိုင်း ၇
ပန်းပွင့် အကြီးဒီဇိုင်းလေးပါ။ လက်ချောင်းတစ်ခုချင်းဆီကို ပန်းလေးတွေနဲ့ ပုံဖော်ထားတာဖြစ်ပါတယ်။
ဒီဇိုင်း ၈
ဒီ ဒီဇိုင်းလေးက လက်သည်းအရှည်ထားတဲ့သူတွေအတွက်ဆို ပိုလိုတောင်ကြည့်လို့လှနေမှာနော်။ ဆိုးထားတယ်လို့ကိုမထင်ရလို့ ရိုးရှင်းပြီး အမြင်ဆန်းစေပါတယ်။