ခြေသည်းအရှည်ထားတဲ့ ကောင်မလေးတွေအတွက် လှပတဲ့ ခြေသည်းဒီဇိုင်းအသစ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ခြေသည်းပုံဖော်ရတာဝါသနာပါရင်တော့ ဒီခြေသည်းဒီဇိုင်းတွေကို ပုံဖော်ဖြစ်အောင် ဖော်ကြည့်ပါ။ အရမ်းလှပြီး ချစ်ဖို့လည်းကောင်းတဲ့ ဒီဇိုင်းအသစ်လေးတွေဖြစ်ပါတယ်။

ကြောင်ချစ်တဲ့သူလေးတွေဆိုရင် ဒီခြေသည်းဒီဇိုင်းလေး ပုံဖော်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

အနီရောင်ကြိုက်ရင် ခြေသည်းရှည်ရှည်လေးမှာ ဒီလိုဒီဇိုင်းလေး ပုံဖော်ကြည့်ပါ။ အရမ်းလှပြီး ခြေထောက်လည်း ပိုပေါ်စေပါတယ်။

ပန်းပုံလေးတွေ ပုံဖော်ရတာကြိုက်ပေမယ့် ခုနကလို အနီရောင်တော့ မဆိုးချင်ဘူးဆိုရင် ဒီခြေသည်းဒီဇိုင်းကိုသာ ရွေးချယ်လိုက်ပါ။ အရမ်းလှပြီး ဒီဇိုင်းလည်းဆန်းပါတယ်။

ဒီဇိုင်းအရမ်းဆန်းပြီး အရောင်နုနုလေးတွေဆိုးချင်ရင် ဒီခြေသည်းဒီဇိုင်းလေးကို ရွေးချယ်ပါ။ လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

ခရမ်းရောင်ကြိုက်တဲ့ကောင်မလေးတွေဆိုရင် ထွေထွေထူးထူးစဉ်းစားမနေပါနဲ့။ ဒီခြေသည်းဒီဇိုင်းလေးကိုသာ ပုံဖော်ကြည့်ပါ။ လူငယ်ဆန်ပြီး အရောင်လေးနဲ့ ပုံဖော်ထားတဲ့ဒီဇိုင်းလေးနဲ့က အရမ်းချစ်စရာကောင်းပါတယ်။

ဒီခြေသည်းဒီဇိုင်းလေးဆိုရင် အဖြူဆိုးပြီး ခြေမကို ကျောက်တွေအပြည့်ကပ်ထားတာ အရမ်းလှပါတယ်။ ခြေသည်းရှည်မှ လုပ်လို့ရတဲ့ဒီဇိုင်းမျိုးဖြစ်တာကြောင့် ကိုယ်က ခြေသည်းအရှည်လည်းရှိတယ်၊ အဖြူရောင်လည်းကြိုက်တယ်ဆိုရင် ဒီခြေသည်းဒီဇိုင်းလေးကို try ကြည့်သင့်ပါတယ်။

Nabi လိပ်ပြာလေးတွေကြိုက်ရင်တော့ ဒီခြေသည်းဒီဇိုင်းလေးကို ပုံဖော်လို့ရပါတယ်။ မြင်နေကျဒီဇိုင်းတွေနဲ့မတူပဲ ကွဲထွက်ပြီး အရမ်းလှပါတယ်။

ဒီခြေသည်းဒီဇိုင်းလေးကျတော့ လူငယ်၊ လူကြီး အားလုံးနဲ့ လိုက်ဖက်ပါတယ်။ အသားဆောင်တဲ့ အရောင်လေးဖြစ်ပြီး ဒီဇိုင်းကလည်း အရမ်းလှပါတယ်။

ဒီခြေသည်းဒီဇိုင်းဆိုရင် ခြေသည်းရှည်မှ ပုံဖော်လို့ရမယ့် ဒီဇိုင်းဖြစ်ပါတယ်။ ဒီဇိုင်းဆန်းပြီး အရမ်းလှတာကြောင့် ခြေသည်းရှည်ရင် ပုံဖော်ကြည့်ပါ။

ဒါကျတော့ အကြည်လေးဆိုးပြီး ပုံဖော်ထားတာ ချစ်ဖို့ကောင်းပြီး လူငယ်ဆန်တဲ့ ဒီဇိုင်းလေးပါ။

အဖြူရောင်ကြိုက်ရင်၊ ခြေသည်းလည်းအရှည်ကြီးရှိတယ်ဆိုရင် ဒီခြေသည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ မိန်းကလေးဆန်ပြီး အရမ်းလှပါတယ်။

Photo source:www.pinterest.com