လက်သည်းအချွန်ထားတဲ့ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ လှပဆန်းသစ်တဲ့ လက်သည်းဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ လက်သည်းပုံဖော်ရတာကို ဝါသနာပါရင်တော့ ဒီလက်သည်းဒီဇိုင်းလေးတွေကို ကြိုက်မှာသေချာပါတယ်။

လက်မှာကျောက်ကပ်တာကြိုက်ရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ လက်သည်းအချွန်ထားတဲ့သူတွေနဲ့ဆို အရမ်းလှပါတယ်။

အစိမ်းရောင်လေးကြိုက်ရင် ဒီလိုလက်သည်းဒီဇိုင်းမျိုး ပုံဖော်ကြည့်ပါ။ ဘယ်တော့မှရိုးမသွားပပဲ ဆန်းသစ်ပြီးလှနေတဲ့ လက်သည်းဒီဇိုင်းလေးပါ။

ပန်းလေးတွေပုံဖော်ရတာကြိုက်တယ်၊ ဒီဇိုင်းဆန်းတာလေး ပုံဖော်ချင်တယ်ဆိုရင်တော့ လက်သည်းအချွန်ထားတဲ့ ကောင်မလေးတွေက ဒီလက်သည်းဒီဇိုင်းကို ရွေးချယ်သင့်ပါတယ်။

အရောင်နုနုလေးဆိုးပြီး ပုလဲလေးတွေကပ်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ရိုးရိုးရှင်းရှင်းလေးနဲ့ ဒီဇိုင်းလည်း ဆန်းပါတယ်။ အသားဖြူတဲ့ကောင်မလေးတွေဆိုရင် ဒီလက်သည်းအရောင်၊ ဒီလက်သည်းဒီဇိုင်းနဲ့ အရမ်းလိုက်ပါတယ်။

အဖြူရောင်လေးဆိုးချင်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ရိုးရိုးလေးနဲ့ ဒီဇိုင်းဆန်းပြီး လှပါတယ်။ ဒီလက်သည်းဒီဇိုင်းကလည်း အသားဖြူတဲ့ကောင်မလေးတွေနဲ့ဆို ပိုပြီးလိုက်ဖက်ပါတယ်။

Maroon color လေးကြိုက်ရင် ရွှေရောင် glitter လေးနဲ့ ဒီလိုပုံဖော်ဆိုးကြည့်ပါ။ အရောင်တစ်ရောင်ထဲဆိုးတာထက် ဒီလိုလေးဆိုးတာက ပိုလှပါတယ်။

လက်သည်းနီကို အရောင်ငြိမ်တာလေးတွေဆိုးပြီး လက်သည်းအကြည်ကို ဒီလိုပုံဖော်တာမျိုးလေးဆိုရင်လည်း ရိုးရိုးလေးနဲ့ ဆန်းပြီး လှပါတယ်။ လက်သည်းအချွန်လေးတွေနဲ့တော့ အလိုက်ဖက်ဆုံးပါပဲ။

ဆိုင်သွားပြီးပုံဖော်စရာမလိုပဲ အိမ်မှာပဲ ကိုယ်တိုင်ဆိုးချင်ရင်တော့ လက်သည်းအချွန်ထားတဲ့ ကောင်မလေးတွေအနေနဲ့ ဒီလို glitter လေးတွေနဲ့ တွဲဆိုးလို့ရပါတယ်။ ဒီလိုဆိုးတာမျိုးလေးကလည်း ဘယ်တော့မှရိုးမသွားပဲလှတာကြောင့် အရောင်သာ သေချာရွေးပြီး ဆိုးကြည့်ပါ။

photo source:www.pinterest.com