လက်သည်းကို အရှည်ကြီးထားတတ်တဲ့ ကောင်မလေးတွေအတွက် ရှင်းရှင်းလေးနဲ့ အရမ်းလှတဲ့ လက်သည်းဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ပန်းရောင်နုနုလေးနဲ့ ငွေရောင်နုနုလေးကိုစပ်ထားတာမို့ လူငယ်ဆန်ပြီး အရမ်းလှပါတယ်။

ခရမ်းရောင်တို့ Unicorn တို့ ကြိုက်တဲ့ကောင်မလေးတွေဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို try ကြည့်သင့်ပါတယ်။ အရမ်းလှပြီး လူငယ်ဆန်တာကြောင့် ကောင်မလေးတိုင်း သဘောကျမယ်လို့ ထင်ပါတယ်။

ဒီအရောင်လေးနဲ့ လက်သည်းဒီဇိုင်းလေးဆိုရင် လူကြီးလူငယ်မရွေးလိုက်ဖက်ပါတယ်။ လက်သည်းအရှည်ကြီးတွေနဲ့ဆို အရမ်းလှပြီး အသားလည်းဆောင်တာကြောင့် try ကြည့်သင့်ပါတယ်။

ဒီလက်သည်းဒီဇိုင်းဆိုရင် အရောင်ပြေးလေးမို့ ဘိုဆန်ပြီးအရမ်းလှပါတယ်။ ရှင်းရှင်းလေးနဲ့လှတာမို့ မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ပြီး လူငယ်လည်းဆန်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးကတော့ ပုံဖော်ထားတာလေးတွေလည်းပါလို့ ပိုပြီးလှပါတယ်။ ပုံဖော်ထားတာက ရှုပ်နေတာမျိုးလည်းမဟုတ်ပဲ ဒီဇိုင်းဆန်းပြီး စပ်ထားတဲ့အရောင်လေးတွေကလည်း အရမ်းလှတာကြောင့် လူကြီးလူငယ်မရွေးလိုက်ဖက်ပါတယ်။

အရောင်နုတာတွေမကြိုက်ရင်တော့ ဒီငွေရောင်လေးကိုသာရွေးပါ။ အထာကျပြီး အရမ်းလှပါတယ်။ လူကြီးလူငယ်မရွေးလည်း လိုက်ဖက်ပါတယ်။

ဒီဇိုင်းပုံဖော်တာတွေမကြိုက်ဘူးဆိုရင်တော့ လက်သည်းနီကို ဒီအရောင်လေးသာရွေးဆိုးတာပဲဖြစ်ဖြစ်၊ လက်သည်းတုတပ်တာပဲဖြစ်ဖြစ် လုပ်ကြည့်ပါ။ အရောင်အရမ်းရှားတာကြောင့် ဆိုးနေကျပုံစံတွေနဲ့ကွဲထွက်ပြီး ပိုလှနေမှာပါ။

လက်သည်းအရမ်းရှည်တဲ့သူတွေအနေနဲ့ အဖြူရောင်လေးဆိုးချင်ရင် ပုလဲပါတာမျိုးလေးတွေဆိုးပါ။ ပိုပြီးလှပါတယ်။

ဖက်ရှင်ကျကျလေးပုံဖော်ချင်ရင်တော့ လက်သည်းအရမ်းရှည်ပြီး အချွန်လည်းထားထားတယ်ဆိုရင် ဒီလိုမျိုးလေး ပုံဖော်ဆိုးကြည့်ပါ။ လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

ခရမ်းရောင်ကြိုက်ရင် လက်သည်းအရမ်းရှည်တဲ့သူတွေက ပုံမှန်ဆိုးနေကျအရောင်တွေဆိုးမယ့်အစား ခရမ်းကိုမှ အရောင်ပြေးလေးတွေ ဆိုးကြည့်ပါ။ ပိုလှပါတယ်။

photo source:www.pinterest.com