တချို့ကျတော့ လက်သည်းကို လေးထောင့်လေးတွေထားရတာကြိုက်တယ်၊ တချို့ကျတော့ အဝိုင်းလေးတွေထားရတာ ကြိုက်တယ်၊ တချို့ကျတော့လည်း လက်သည်းကို အချွန်လေးတွေထားရတာ ကြိုက်ကြတယ်။ လူကြီးတွေဆိုရင်တော့ လက်သည်းအချွန်ထားရတာကို ပိုကြိုက်ကြတယ်။ တချို့ လူငယ်ကောင်မလေးတွေလည်း လက်သည်းအချွန်ထားရတာကို ကြိုက်တာတွေ့ရပါတယ်။ ဒါကြောင့် လက်သည်း အချွန်ထားတဲ့သူတွေနဲ့လိုက်ဖက်တဲ့ လက်သည်းနီအရောင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

ခရမ်းရောင်ကိုမှ ခရမ်းသီးရောင်ဘက်သွားတဲ့ ဒီအရောင်လေးဆိုရင် ရှားလည်းရှားသလို လှလည်းလှပါတယ်။ သူက လက်သည်းအချွန်ထားတဲ့သူလေးတွေနဲ့ ပိုလိုက်တဲ့အရောင်လေးပါ။

လက်သည်းနီအရောင် အရမ်းနုတာလေးတွေကလည်း လက်သည်းအခွန်ထားတဲ့သူတွေနဲ့ အလိုက်ဖက်ဆုံးပါ။

ပန်းရောင်ကိုမှ အရမ်းနုလွန်းတာလေးဖြစ်တဲ့အပြင် တစ်ချောင်းထဲကို Unicorn ပုံလေး ပုံဖော်ထားတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ဒီလိုဒီဇိုင်းနဲ့ အရောင်လေးက လက်သည်းအချွန်ထားမှသာ လိုက်ဖက်ပြီး လှတာနော်။

နက်ပြာလိုလို၊ အနက်လိုလိုနဲ့ Matte Type လက်သည်းနီလေးဆိုရင် လက်သည်းလေးထောင့်တွေနဲ့ သိပ်မလိုက်ဘူးနော်။ လက်သည်းအချွန်လေးတွေနဲ့မှ ပိုလိုက်တာ။

ဗေဒါရောင်လေးဆိုရင် ဘယ်လိုလက်သည်းပုံလေးနဲ့ပဲ ဖြစ်ဖြစ် လိုက်ဖက်ပါတယ်။ လက်သည်းအချွန်ထားပြီး အရောင်နုတာလေးဆိုးချင်ရင်တော့ ဗေဒါရောင်လေးကိုရွေးပါ။

ဖက်ရှင်ကျတဲ့ အဝါရောင်လေးကလည်း လက်သည်းအချွန်ထားတဲ့သူတွေနဲ့ အရမ်းလိုက်တဲ့အရောင်လေးနော်။

ခဲရောင်အနုလေးကတော့ ဘယ်လိုလက်သည်းပုံနဲ့ဖြစ်ဖြစ် လိုက်ဖက်ပြီး အရမ်းလှတဲ့အရောင်လေးပါ။ လူငယ်လေးတွေဆိုရင် ဒီအရောင်လေးကို ရွေးချယ်လိုက်နော်။

လူကြီးတော်တော်များများကြိုက်ကြတဲ့ ပန်းခရမ်းရောင်လေးပါ။ ဒီအရောငလေးဆိုရင် လက်သည်းအချွန်ထားတဲ့သူတွေနဲ့လည်းလိုက်သလို၊ အသားဖြူတဲ့သူတွေ၊ လူကြီးတွေနဲ့လည်း အရမ်းလိုက်တဲ့အရောင်ပါ။

ကြက်သွေးရောင်လေးကတော့ ဘယ်လိုလက်သည်းပုံနဲ့ဖြစ်ဖြစ် လိုက်ဖက်သလို၊ လူကြီးလူငယ်၊ အသားအရောင်မရွေးလိုက်ဖက်ပါတယ်။

ဒါလေးကတော့ ရှားလည်းရှား၊ လှလည်းလှတဲ့ သပြေသီးမှည့်အရောငလေးပါ။ လူကြီးလူငယ်မရွေးလိုက်ဖက်ပါတယ်။ လက်သည်းအချွန်ထားတဲ့သူလေးတွေနဲ့တော့ အလိုက်ဖက်ဆုံးပဲပေါ့။

Rainbow ပုံစံတို့ Unicorn ပုံစံတို့လို လက်သည်းဒီဇိုင်းလေးတွေ၊ အရောင်လေးတွေက လက်သည်းအချွန်ထားတဲ့သူတွေနဲ့မှ ပိုလိုက်ဖက်တာပါ။

Photo Source: www.pinterest.com