လက်သည်းနီကို Matte ဆိုးဖြစ်တဲ့အခါမှာ ပုံဖော်ဖို့အတွက် အရမ်းလှတဲ့ လက်သည်းဒီဇိုင်းလေးတွေ၊ ဒီဇိုင်းဆန်းတာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ Matte လက်သည်းနီတွေကလည်း အရောင်သေချာရွေးဆိုးတတ်ရင် အရမ်းလှပြီး အသားဆောင်ပါတယ်။ ဒါကြောင့် Matte ဆိုးဖြစ်တဲ့အခါ ဒီလက်သည်းဒီဇိုင်းလေးတွေကို ပုံဖော်ကြည့်လိုက်နော်။

ဒီလက်သည်းဒီဇိုင်းလေးကတော့ လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်တဲ့ ဒီဇိုင်းဖြစ်ပါတယ်။ အရောင်ကလည်း အသားဆောင်ပါတယ်။ Matte ဖြစ်လို့ ပိုပြီးတော့တောင် အသားဆောင်ပါသေးတယ်။

အရောင်ငြိမ်ပြီးနုတာလေးတွေ ကြိုက်တယ်ဆိုရင် ဒီအရောင်လေးဆိုးပြီး ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ဒီဇိုင်းကလည်း ရှင်းရှင်းလေးမို့ အရောင်နဲ့လိုက်ဖက်မှုရှိပြီး အရမ်းလှပါတယ်။

ပန်းဒီဇိုင်းတွေကြိုက်တယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကလည်း အရမ်းလှပါတယ်။ Matte ထဲမှာ ဒီလိုအရောင်မျိုးက ရှားပြီး အရမ်းလည်းလှပါတယ်။

ဒီအစိမ်းရောင်လေးက Matte ဆိုတော့ ပိုပြီးတောင် လှနေပါသေးတယ်။ ဒီဇိုင်းကလည်း ဆန်းပြီးတော့ လူငယ်ဆန်ပါတယ်။

ဘိုဆန်ပြီးလှတဲ့ လက်သည်းနီအရောင်နဲ့ ဒီဇိုင်းလေးပါပဲ။ ရိုးပေမယ့် လှပတဲ့ဒီဇိုင်းလေးပါ။

Matte ကိုမှ အနက်ရောင်ဆိုးမယ်ဆိုရင် ရွှေရောင်နဲ့ ဒီလိုလေးပုံဖော်ကြည့်ပါ။ ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။

ဒီလက်သည်းဒီဇိုင်းဆိုရင် အိမ်မှာတောင် ပုံဖော်လို့ရတဲ့ဒီဇိုင်းလေးပါ။ ရိုးရိုးလေးနဲ့လှပါတယ်။ အရောင်ကလည်း အသားဆောင်စေပါတယ်။

တွဲစပ်ထားတဲ့အရောင်တွေက လှပတဲ့အပြင် ဒီဇိုင်းကလည်း လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်တဲ့ ဒီဇိုင်းလေးပါ။

အရောင်မှိုင်းတာလေးဆိုးပြီး ဒီဇိုင်းဆန်းတာမျိုး ပုံဖော်မယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်လိုက်နော်။ ဒီဒီဇိုင်းက Matte ဆိုးမှ ပိုလှတဲ့ ဒီဇိုင်းဖြစ်ပါတယ်။

Matte ကိုမှ ဒီအရောင်တွေဆိုးရင် ထင်းပြီး အရမ်းအသားဆောင်ပါတယ်။ ဒီဇိုင်းကလည်း အရမ်းလှတဲ့ဒီဇိုင်းလေးပါ။

ဒီဇိုင်းနဲ့အရောင်လေးက ဘိုဆန်ပြီး အရမ်းလှပါတယ်။ အညိုဘက်သွားတဲ့အရောင်လေးတွေ ကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကို Matte ဆိုးဖြစ်တဲ့အခါ ပုံဖော်ဖြစ်အောင် ဖော်ကြည့်လိုက်တော့နော်။