လက်သည်းနီတွေက မပျက်သရွေ့ သင့်စိတ်ခံစားချက်ကို အကောင်းဘက်ဆီ ဦးတည်အောင် ကူညီပေးနိုင်ပါတယ်။ အရောင်တွေက သင့်စိတ်ခံစားချက်၊ သင့်အမြင်ကို အမျိုးမျိုး ပြောင်းလဲစေနိုင်ပါတယ်။ သင်ဆိုးလိုက်တဲ့ လက်သည်းနီ အရောင်က သင်နဲ့လိုက်ဖက်တယ်ဆိုရင် ပိုပြိး စိတ်ချမ်းသာစေနိုင်ပါတယ်။ လက်သည်းနီ အရောင်လှလှလေးတွေက မကွာကျသွားသရွေ့ သင့်ကို စိတ်ပျော်ရွှင်စေသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးပွားစေပါတယ်။ ဒီတစ်ခေါက်မှာတော့ သင့်စိတ်ခံစားချက်ကို အကောင်းမြင်စိတ်ဆီ ရောက်စေမယ့် လက်သည်းနီ ဒီဇိုင်းတွေကို ဖော်ပြပါရစေ။ ဒီအရောင်လေးတွေက သင့်ကို ပျော်ရွှင်မှုဆီ ခေါ်ဆောင်သွားနိုင်မယ့် လက်သည်းနီအရောင်ဆိုလည်း မမှားပါဘူး။

အပြာရောင်က ကောင်းကင်ကို ကိုယ်စားပြုကာ ကြည်လင်တဲ့ စိတ်ကို ပိုင်ဆိုင်စေနိုင်ပါတယ်။ လက်သည်းလေးထဲ အပြုံးပုံစံလေး ထည့်လိုက်တော့ သင်စိတ်ညစ်တဲ့အချိန်တိုင်း ဒီပုံစံက ကောင်းကင်ပြာကို သတိရစေမှာပါ။

အဝါရောင်က တောက်ပကာ အကောင်းမြင်စိတ်ဆီ ဦးတည်စေပါတယ်။ အဝါရောင်က နေမင်းရဲ့ အရောင်ကို ကိုယ်စားပြုနိုင်ပါတယ်။

Pooh ကာတွန်းကြည့်ဖူးတဲ့သူတွေဆိုရင် Pooh ကို ချစ်ကြမှာပါ။ Pooh က အဝါရောင်ရှိပြီး ချစ်ဖို့ကောင်းပါတယ်။ သင့်လက်သည်းကို ကြည့်လိုက်တိုင်း Pooh လေးနဲ့ ချစ်စရာကောင်းလှပါတယ်။

သံပရာသီးက သင့်စိတ်ကို လန်းဆန်းစေပါတယ်။ သံပရာသီး အခြမ်းလေးကို သင့်လက်သည်းမှာ ပိုင်ဆိုင်ထားရင် သင့်စိတ်က တစ်နေ့လုံး လန်းဆန်းကာ တက်ကြွနေပါလိမ့်မယ်။

Smiley ပုံတွေနဲ့ အရောင်စုံတဲ့ လက်သည်းနီ အရောင်တွေက သင့်စိတ်ခံစားချက်ကို အမျိုးမျိုး ပြောင်းလဲစေနိုင်ပါတယ်။

အဝါရောင်ကိုမှ အပြုံးသေးသေးလေးတွေပါတဲ့ ဒီလက်သည်းနီစတိုင်က သင့်ကို စိတ်ချမ်းသာစေပါလိမ့်မယ်။

အပေါ်က ပုံစံကို သဘောမကျဘူးဆိုရင် ပန်းနဲ့ အပြုံး တစ်လှည့်စီ ပုံဖော်ထားတာကို ဆိုးကြည့်နိုင်ပါတယ်။

လက်သည်းလေးတွေကို ငုံ့ကြည့်လိုက်တာနဲ့ သင့်ကိုပါ ပြုံးစေမယ့် လက်သည်းနီ စတိုင် ဖြစ်ပါတယ်။

ပန်းသေးသေးလေးတွေက ချစ်ဖို့ကောင်းကာ သင့်တစ်နေ့တာကို လန်းဆန်းပျော်ရွှင်စေပါလိမ့်မယ်။

တောက်ပတဲ့ ကြယ်ပွင့်ပုံစံ လက်သည်းနီက သင့်ကို စိတ်ဓာတ်ကျနေတဲ့ ရက်တွေမှာတောင် ပြန်ပျော်လာအောင် ကူညီပေးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar