လက်သည်းပုံဖော်တဲ့အခါ လက်သည်းမှာ Accessories လေးတွေ တပ်ရတာ ကြိုက်တဲ့သူတွေအတွက် လှပတဲ့လက်သည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။ တစ်ခါတစ်လေ ရိုးရိုး Gel ဆိုးရတာ၊ ပန်းချီဆွဲရတာတွေ ရိုးလာရင် ကျောက်ကပ်တာပဲဖြစ်ဖြစ်၊ အရုပ်ကပ်တာမျိုးလေးတွေပဲဖြစ်ဖြစ် လုပ်ကြည့်တော့ အပြောင်းအလဲဖြစ်တာပေါ့။

ဒီလက်သည်းဒီဇိုင်းဆိုရင် လူငယ်ကောင်မလေးတွေ ပိုကြိုက်မှာပါ။ ဒီဇိုင်းစုံနေတာမို့ အမြင်ဆန်းပြီး လူငယ်ဆန်ပါတယ်။

ရိုးရိုးရှင်းရှင်းနဲ့ လှတာမျိုးလေးဆိုရင်တော့ ဒီလိုအရောင်အငြိမ်လေးဆိုးပြီး ကျောက်ကပ်ပါ။ ကျောက်ကပ်ထားတဲ့ ပုံစံလေးကလည်း ရိုးရှင်းပြီး အရမ်းလှပါတယ်။

လူငယ်ကောင်မလေးတွေအကြိုက် နောက်ထပ်ချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အမြင်ဆန်းပြီး အရမ်းလည်းလှပါတယ်။ များသောအားဖြင့် ဒီလက်သည်းဒီဇိုင်းက လက်သည်းအချွန်နဲ့ဆို ပိုလိုက်ပါတယ်။

ဖဲပြားလေးတွေ၊ ပုလဲလုံးလေးတွေ ကပ်တာမျိုးကတော့ တော်တော်များများလည်း လုပ်လေ့ရှိတဲ့ ဒီဇိုင်းလေးပါ။ ဒီလက်သည်းဒီဇိုင်းလေးဆိုလည်း အရမ်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

လက်သည်းကိုဒီလိုလေးဆိုးပြီး ကျောက်ကပ်တာမျိုးလည်း လှတယ်နော်။ အရောင်ဆန်းတာလေး ဆိုးမယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းကိုသာ ရွေးချယ်ပါ။

လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတဲ့ နောက်ထပ်လက်သည်းဒီဇိုင်းလေးပါ။ လက်သည်းအချွန်နဲ့ဆို ပိုလိုက်တဲ့ ဒီဇိုင်းမျိုးပါပဲ။

အရောင်စုံဆိုးပြီး အသည်းပုံလေးကပ်ထားတာက ရှင်းရှင်းလေးနဲ့ အရမ်းလှသလို ဖက်ရှင်လည်းဖြစ်ပါတယ်။

ခရမ်းရောင်ကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်ကြည့်ပါ။ အရောင်စပ်ထားတာလေးကြောင့် အမြင်ပိုဆန်းသွားစေတာပါ။

လက်သည်းအပြည့်မဆိုးပဲ ဒီလိုလေးဆိုးပြီး ကျောက်ကပ်တာ၊ အရုပ်ကပ်တာမျိုးလေးတွေလည်း လုပ်လို့ရပါသေးတယ်။ ချစ်ဖို့ကောင်းသလို လှလည်းလှတဲ့ ဒီဇိုင်းလေးတွေပါ။

Photo source:www.pinterest.com