တစ်သက်မှာတစ်ခါ မင်္ဂလာယူရတဲ့ဒီအချိန်လေးက မင်္ဂလာသတို့သမီးတို့ရဲ့ အပျော်ရွှင်ရဆုံးအချိန်ပါပဲ။ ကိုယ်ချစ်တဲ့သူနဲ့ ဆုံစည်းရတာဟာ မင်္ဂလာတစ်ပါးဖြစ်ပါတယ်။ ဒီလိုအချိန်မှာ တစ်သက်တာအမှတ်ရနေစေဖို့အတွက် အကောင်းဆုံးအဝတ်အစားအပြင်ဆင်တွေနဲ့ မင်္ဂလာပွဲကို ဆင်နွဲလေ့ရှိကြပါတယ်။ မင်္ဂလာပွဲမှာ အဝတ်စားတွေသာမက အသားအရေ မိတ်ကပ်နဲ့ လက်သည်းနီဒီဇိုင်းလေးတွေကိုလည်း စဉ်းစားလာကြပါတယ်။

သတို့သမီးတို့နဲ့ လိုက်ဖက်ညီမဲ့ လက်သည်းနီဒီဇိုင်းလှလှလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကျက်သရေရှိလာတဲ့ သတို့သမီးလေးတို့ရေ ဒီဇိုင်းလေးကို ကြည့်လိုက်ဦးနော်။

ဒီဇိုင်း (၁)

အဖြူရောင်အောက်ခံလက်သည်းနီရဲ့ အပေါ်မှာ ရွှေရောင်အလက်လေးတွေနဲ့ ပုံဖော်ထားတဲ့ ဒီဇိုင်းလေးပါ။ ရိုးရိုးရှင်းရှင်းနဲ့ မျက်စိအေးစေပါတယ်။

ဒီဇိုင်း (၂)

ရိုးရိုးလေးပါပဲ။ လက်သန်းကြွယ်မှာမှ ကျောက်တွေနဲ့ လိပ်ပြာပုံဖော်ထားတဲ့ ဒီဇိုင်းလေးပါ။ ရိုးရိုးရှင်းရှင်း ဒီဇိုင်းကို ကြိုက်နှစ်သက်တဲ့ ပျိုမေတို့နဲ့ အဆင်ပြေမှာပါနော်။

ဒီဇိုင်း (၃)

ပန်းနုရောင်ဝတ်ဆင်မဲ့ သတို့သမီးတို့အတွက် ရိုးရိုးရှင်းရှင်းနဲ့ ဆိုးထားတဲ့ လက်သည်းနီဒီဇိုင်းလေးမှာ။ လက်သန်းကြွယ်မှာ ကျောက်တွေကို ပုံဖော်ထားတာကလည်း အမြင်တစ်မျိုးလေးဆန်းစေပါတယ်။

ဒီဇိုင်း (၄)

ထူးမြတ်ပြီး မင်္ဂလာရှိလှတဲ့ဒီနေ့ရက်လေးနဲ့လိုက်ဖက်မယ့် ဒီဇိုင်းဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။

ဒီဇိုင်း (၅)

ပန်းနုရောင်အောက်ခံနဲ့ အပေါ်က အဖြူရောင်ပန်းပွင့်တွေပုံဖော်ထားပြီး အပေါ်မှာတော့ ပုလဲလုံးလေးတွေ တပ်ထားတဲ့ ဒီဇိုင်းလေးပါ။ မင်္ဂလာသတို့သမီးတို့ ကြိုက်နှစ်သက်မယ် မျှော်လင့်ပါတယ်နော်။

ဒီဇိုင်း (၆)

ရိုးရိုးလေးနဲ့ အမြင်ဆန်းတဲ့ လက်သည်းနီဒီဇိုင်းလေးပါပဲ။

ဒီဇိုင်း (၇)

ဇာလို ပုံဖော်ထားတဲ့ လက်သည်းနီဒီဇိုင်းလေးပါ။ မင်္ဂလာပွဲမှာ ဇာဝတ်မဲ့ သတို့သမီးတို့နဲ့ လိုက်ဖက်ညီပါတယ်။

ဒီဇိုင်း (၈)

ပန်းနုရောင်နဲ့ ပုလဲလုံးလေးတွေတပ်ထားပြီး လက်သန်းကြွယ်ကိုတော့ ဇာလို ပုံဖော်ထားတဲ့ လက်သည်းနီ ဒီဇိုင်းလေးဖြစ်ပါတယ်။

ဒီဇိုင်း (၉)

အဖြူရောင်နဲ့ ရွှေအိုရောင်လက်လက်လေးတွေ ပုံဖော်ထားတဲ့ ဒီဇိုင်းလေးပါ။

ဒီဇိုင်း (၁၀)

အဖြူရောင်အောက်ခံ လက်သည်းနီဒီဇိုင်းနဲ့ ရောင်စုံ ငွေမှုန်လေးတွေ ဆိုးထားတဲ့ လက်သည်းနီဒီဇိုင်းလေးဖြစ်ပါတယ်။

ဒီဇိုင်း (၁၁)

ရိုးတယ်လို့လည်းပြောလို့ရသလို ဆန်းတယ်လို့လည်း ပြောလို့ရတဲ့ ဒီဇိုင်းလေးကိုလည်း စာဖတ်သူတို့ အကြိုက်တွေ့မယ်မျှော်လင့်ပါတယ်။

ဒီဇိုင်း (၁၂)

3D ဒီဇိုင်းနဲ့ ရုပ်လုံးကြွ ပန်းပုံဖော်ထားတဲ့ ဒီဇိုင်းလေးပါ။ လက်သန်းကြွယ်မှာတော့ ကျောက်လေးတွေ တပ်ထားပါတယ်။

နောက်ထပ် စုစည်းထားတဲ့ ဒီဇိုင်းလှလှလေးတွေကိုလည်း ဖော်ပြလိုက်ပါတယ်နော်။