လက်သွယ်တဲ့ ကောင်မလေးတွေအတွက် လှပတဲ့ လက်သည်းဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီဇိုင်းဆန်းတာလေးတွေကြိုက်တယ်၊ လက်သည်းလည်း အရှည်ကြီးထားတာမျိုး မဟုတ်ဘူးဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးတွေကို သဘောကျမှာ သေချာပါတယ်။
ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ဆန်းသစ်နေတာမျိုး မဟုတ်ပေမယ့် ရိုးရိုးရှင်းရှင်းလေးနဲ့ တစ်မျိုးလေးဆန်းပြီး လှပါတယ်။ အရောင်ကအစ ငြိမ်တာမို့ မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ပါတယ်။
ဒီလက်သည်းဒီဇိုင်းနဲ့ အရောင်လေးကတော့ အရမ်းအသားဆောင်ပြီး လူကြီးလူငယ် အားလုံးနဲ့လည်း လိုက်ဖက်ပါတယ်။
လက်သွယ်တဲ့ကောင်မလေးတွေက ဒီလက်သည်းဒီဇိုင်းလေးနဲ့လည်း အရမ်းလိုက်ပါတယ်။ အရောင်နဲ့ဒီဇိုင်းက ဘိုဆန်ပြီး လှတဲ့ပုံစံလေးပါ။
ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ဆန်းပြီး အရမ်းလှပါတယ်။ အရောင်ကလည်း အသားဆောင်ပြီး ထင်းနေစေမယ့် အရောင်လေးပါ။
အကွက်ဒီဇိုင်းလေးက အရမ်းလှတာကြောင့် လက်သွယ်သွယ်လေးတွေနဲ့ဆို ပိုပြီးလိုက်ပါတယ်။ ဒီဇိုင်းဆန်းပြီး အရမ်းလှသလို အရောင်လေးတွေကအစ ဘိုဆန်ပါတယ်။
ကြက်သွေးရောင်လေးနဲ့ ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးကတော့ ရှင်းပြီး အရမ်းလှသလို လက်လေးလည်း ပေါ်လွင်နေစေပါတယ်။
ဒီပန်းရောင်လေးက အရမ်းအသားဆောင်တဲ့ အရောင်လေးပါ။ ဒီဇိုင်းလေးက မိန်းကလေးဆန်ပြီး အရမ်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။
ဒီလက်သည်းဒီဇိုင်းလေးဆိုရင် လက်သွယ်သွယ်လေးတွေ လက်သည်းလေးထောင့်ထားပြီး ပုံဖော်ရင် အရမ်းလှတဲ့ ဒီဇိုင်းလေးပါ။
တစ်မျိုးထဲပုံဖော်ရတာမကြိုက်ရင် ဒါမျိုးလေးပုံဖော်ကြည့်ပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။
Photo source:www.pinterest.com