မကြာခင်မှာ christmas လည်းရောက်လာတော့မှာဆိုတော့ christmas party အတွက် ပြင်လို့ရအောင် လှပတဲ့ makeup look တွေကို မျှဝေပေးလိုက်ပါတယ်။

ဒီ makeup look လေးဆိုရင် ချစ်ဖို့လည်းကောင်းပါတယ်။ အနီနဲ့အစိမ်းလေးပါ ကပ်ထားတာဆိုတော့ christmas နဲ့လည်း လိုက်ဖက်တာပေါ့။

မျက်နှာမှာဘာမှကပ်တာ ဒီဇိုင်းဖော်တာ မလုပ်ချင်ဘူးဆိုရင် ဒီလိုလေးပြင်ကြည့်နော်။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

Christmas theme ဖြစ်တဲ့ အနီနဲ့ အစိမ်းလေးပါအောင် မျက်လုံးကိုလည်း အစိမ်းလေးခြယ်ထားတဲ့အတွက် အမြင်ဆန်းပြီး လှပါတယ်။ သူများနဲ့မတူတာမျိုး ပြင်ချင်တယ်ဆိုရင် ဒီလိုလေးပြင်ကြည့်နော်။

ဆွဲဆောင်မှုရှိတဲ့ look လေးပြင်ချင်တာ look နည်းနည်းဆန်းတာမျိုးလည်း ဖြစ်ချင်တယ်ဆိုရင် ဒီ makeup look လေးကိုသာ ရွေးချယ်လိုက်ပါ။

Glow look ကိုမှ အမြင်ဆန်းအောင်ပြင်ထားတာက christmas party အတွက် ကွက်တိပါပဲ။

ရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှုရှိပြီးလှတဲ့ ဒီ makeup look လေးကတော့ နှုတ်ခမ်းနီအရောင်နဲ့တင် christmas party နဲ့ လိုက်ဖက်နေပါပြီ။

Christmas party မှာ Sexy look လေးနဲ့ ဆန်းသစ်တဲ့ makeup look လေးနဲ့ လှချင်ရင်တော့ ဒီ makeup look လေးကိုသာ ပြင်ကြည့်လိုက်တော့နော်။

Christmas အတွက် မျက်လုံးကို အနီရောင်ခြယ်တာ ရိုးနေပြီလို့ခံစားရရင် အစိမ်းရောင်ကိုသုံးပြီး ဒီလိုလေးခြယ်ကြည့်နော်။ ဆွဲဆောင်မှုရှိပြီး အရမ်းလှတဲ့ look လေးမို့ christmas party အတွက် အရမ်းမိုက်ပါတယ်။

 

Eyeliner ကိုပါ အနီရောင်နဲ့ဆွဲထားတဲ့ ဒီ makeup look ဆိုလည်း အမြင်ဆန်းပြီး ဆွဲဆောင်မှုရှိရှိနဲ့ လှပါတယ်။ ဒါကြောင့် christmas party အတွက် ရွေးချယ်သင့်တဲ့ makeup look လေးပါပဲ။

Photo source:www.pinterest.com