စကပ်အတိုလေးတွေနဲ့ girly type ဝတ်ရတာကိုကြိုက်တဲ့ မိန်းကလေးတိုင်းအတွက် အရမ်းလှတဲ့ စကပ်အတိုနဲ့ အင်္ကျီလက်ရှည်ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

စကပ်အမဲလေးတွေကို ဒီလိုအင်္ကျီလက်ရှည်လေးတွေနဲ့ တွဲဝတ်လိုက်ရင် ကိုရီးယားဆန်ပြီး အရမ်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။ ဝတ်ရတာလည်း ပေါ့ပါးမှုရှိစေပါတယ်။

ဒီလိုစကပ်လေးတွေ၊ အရောင်နဲ့စကပ်လေးတွေကို floral အင်္ကျီလက်ရှည်လေးတွေနဲ့ တွဲဝတ်လိုက်ရင် ရိုးရိုးလေးနဲ့ အရမ်းလှပြီး ချစ်ဖို့ကောင်းပါတယ်။

စကပ်အနီလေးဝတ်မယ်ဆိုရင် အဖြူရောင်အင်္ကျီလေးနဲ့သာ တွဲဝတ်ပါ။ အရမ်းလှပါတယ်။ အင်္ကျီအဖြူက လက်ရှည်လေးသာဖြစ်နေရင်တော့ Christmas theme outfit လေး ဖြစ်နေမှာပါ။

ဆောင်းရာသီမှာဆိုရင် အေးတဲ့အချိန်မှာ ဒီလိုဆွယ်တာလေးတွေ၊ အနွေးထည်လေးတွေကို စကပ်အတိုလေးတွေနဲ့ တွဲဝတ်ရင် အရမ်းချစ်ဖို့ကောင်းပါတယ်။

စကပ်အကွက်လေးတွေကို ကိုယ်ကျပ်အင်္ကျီလက်ရှည်လေးတွေနဲ့ တွဲဝတ်ရင် အရမ်းလိုက်ပါတယ်။ ကိုရီးယားဆန်ဆန်လေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

အခုနောက်ပိုင်းမှာ ဒီလိုစကပ်လေးတွေက အရမ်းခေတ်စားနေတာပါ။ ဒီစကပ်မျိုးဝတ်မယ်ဆိုရင် ကိုယ်ကျပ်တွေ၊ တီရှပ်တွေ၊ ရှပ်အင်္ကျီတွေနဲ့ လုံးဝမဝတ်ပါနဲ့။ မလိုက်ပါဘူး။ မိန်းကလေးဆန်တဲ့ ဒီလိုအင်္ကျီလေးတွေနဲ့တွဲဝတ်မှ အရမ်းလှတာပါ။

Mini စကပ်အကျပ်လေးတွေကို body fit အကျပ်လေးတွေနဲ့ တွဲဝတ်ပြီး boot လေးစီးလိုက်မယ်ဆိုရင်၊ ဒေါက်ဖိနပ်လှလှလေး စီးလိုက်မယ်ဆိုရင် စမတ်ကျကျနဲ့လှနေမှာပါ။

ကျော့မော့ပြီးလှနေတဲ့ပုံစံလေး ဝတ်ချင်ရင်တော့ ဒီလို mini စကပ်လှလှလေးတွေကို top လက်ရှည် ဒီဇိုင်းရှင်းရှင်းလေးတွေနဲ့ တွဲဝတ်ပြီး ဒေါက်ဖိနပ်လေးသာစီးပါ။ အရမ်းလှပါတယ်။

စကပ်လေးတွေကို ဘာနဲ့တွဲဝတ်ရမှန်းမသိရင်တော့ အလွယ်တကူ ရှပ်အင်္ကျီဗြောင် လက်ရှည်တွေနဲ့သာ တွဲဝတ်လိုက်ပါ။ ရိုးရှင်းပြီး ချစ်ဖို့ကောင်းပါတယ်။

စကပ်အတိုအကားလေးတွေဝတ်မယ်ဆိုရင် မိန်းကလေးဆန်ဆန်နဲ့ ပိုချစ်ဖို့ကောင်းသွားအောင် လက်ရှည်အင်္ကျီလှလှလေးတွေ၊ အတွန့်တွေ အဖတ်တွေပါတာမျိုးလေးတွေနဲ့ တွဲဝတ်ပြီး ဒေါက်ဖိနပ်လေးသာစီးပါ။

Photo source:www.pinterest.com