တစ်ဖြေးဖြေးနဲ့ ဆောင်းလည်းဝင်လာပြီဆိုတော့ အေးတဲ့နေရာဒေသတွေမှာ ဝတ်ဖို့အတွက် တည်ငြိမ်ပြီးလှပတဲ့ ဘောင်းဘီအရှည်ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။ လူငယ်ကနေ လူကြီးအထိ ဝတ်လို့ရတဲ့ ဖက်ရှင်လေးတွေလည်းဖြစ်တာကြောင့် အရမ်းအဆင်ပြေမှာပါ။

ဒီဖက်ရှင်လေးဆိုရင် လုံခြုံပြီး လှလှပပနဲ့ စမတ်ကျတာကြောင့် လူငယ်ကနေ လူကြီး အသက် ၅၀ ကျော်အထိတောင် ဝတ်လို့ရတဲ့ ဖက်ရှင်မျိုး ဖြစ်ပါတယ်။

ဒီဖက်ရှင်လေးဆိုရင်လည်း ရိုးရှင်းပြီး တည်တည်ငြိမ်ငြိမ်နဲ့ လှပတဲ့ ဖက်ရှင်လေးပါ။ လူငယ်ကနေ လူကြီး အသက် ၅၀ ကျောအထိ ဝတ်လို့ရတဲ့ ဖက်ရှင်မျိုးပါပဲ။

ရိုးရှင်းပေမယ့် စမတ်ကျပြီး တည်တည်ငြိမ်ငြိမ်နဲ့ အရမ်းလှတဲ့ ဖက်ရှင်လေးပါ။ အေးတဲ့နေရာတွေအတွက် ကွက်တိပါပဲ။

ကုတ်ဝတ်ရတာကြိုက်တဲ့သူဆိုရင် ဒီဖက်ရှင်လေးအတိုင်း ဝတ်ကြည့်ပါ။ ဖက်ရှင်ကျပြီး တည်ငြိမ်မှုလည်းရှိသလို လှလည်းလှပါတယ်။

ရှင်းရှင်းလေးနဲ့ ဘယ်တော့မှရိုးမသွားပဲလှတဲ့ ဂျင်းဘောင်းဘီအရှည် ဖက်ရှင်လေးပါ။ အေးတဲ့နေရာတွေမှာဆို ဒီလိုလေး တွဲဝတ်ကြည့်နော်။

ဒီလိုအင်္ကျီလေးတွေဆိုရင် အေးတဲ့နေရာတွေမှာ အရမ်းအသုံးဝင်ပါတယ်။ ကိုရီးယားမလေးတွေဝတ်နေကျ ပုံစံလေးဖြစ်ပြီး လှလည်းလှတာကြောင့် ဘောင်းဘီအရှည်လေးတွေနဲ့ တွဲဝတ်လိုက်ရင် အရမ်းလိုက်ပါတယ်။ လူငယ်ကနေ အသက် ၅၀ ကျော်တဲ့အထိ ဝတ်လို့ရတဲ့ ဖက်ရှင်မျိုးပါပဲ။

ဒီဖက်ရှင်လေးဆိုလည်း ရိုးရှင်းပြီးလှပါတယ်။ လည်ပင်းမှာ ပုဝါလေးပတ်တာကတော့ ပိုပြီးဖက်ရှင်ကျစေသလို ပိုပြီးတော့လည်း ဆန်းသွားစေပါတယ်။

ရိုးရှင်းပြီးလှသလို အေးတဲ့နေရာနဲ့လည်း အရမ်းအဆင်ပြေတဲ့ နောက်ထပ် ဂျင်းဘောင်းဘီအရှည် ဖက်ရှင်လေးပါ။

ကုတ်ဝတ်ရတာ ကြိုက်တဲ့သူတွေအတွက် စမတ်ကျကျ ဖက်ရှင်ကျကျနဲ့ လှပနေစေမယ့် ဖက်ရှင်လေးပါ။

ဒီလိုအဖြူဝမ်းဆက်ဝတ်ပြီး ဖိနပ်အမဲ Boots အမဲစီးတာမျိုးက အရမ်းစမတ်ကျပြီးမိုက်ပါတယ်။ အေးတဲ့အချိန်က အရမ်းရှိုးထုတ်လို့ကောင်းတာမို့ ဒီလိုလေးတွေလည်း ဝတ်ကြည့်ပါ။

Photo source:www.pinterest.com